ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့  ခရီး
မြို့တွေကျော် ရွာတွေဖြတ် တောင်တွေတက်နဲ့ 
အမေ့အပြုံးတွေ ဥပေက္ခာပြုခဲ့ရပြီ....၊။
ငါက ကံမြုံ ငှက်တစ်ကောင်ပါ
လက်ရွေးစင် ဖော်ပြဖို့  ဘယ်မှာတုန်း
ပုံတူပွား လူသားတသ်ယောက်ရဲ့ ရင်ထဲ
အာခြောက်နေချိန် ထမင်းခြောက်မျိုချနေ/သလိုပဲ...။
ကိုယ်စိတ်နဲ့ ကိုယ် ရွေးခဲ့တဲ့ ကမ်း
မီးပြတိုက်ကို မမြင်ရသေးပေမယ့်
ပင်လုံးကျွတ်မျှ ပွင့် နေတဲ့စံပယ်ဖြူ ပွင့်တွေ
အိမ်တစ်လုံးရဲ့  သောကတွေကို ငြိမ်းသေပါ့မလား...။
ကမ်းလင့်လာတဲ့  ရန်ကုန်မြို့  ရဲ့ ဒသနတွေကိုကျောခိုင်း
ထင်ရာစိုင်းလို့  ပျော်ချင်တိုင်းပျော်ဖို့ 
ဒီပြည်ပကို ငါမထွက်ခဲ့ပါဘူး....။
ဖောက်လွဲဖောက်ပြန် မူမမှန်တဲ့နှိုင်ငံ
အမိမြေကို စွန့် ခွါလာတဲ့ငါ့ အတွက်
ရိုင်းချင်တိုင်း ရိုင်းနေလိုက်ပုံများ
အဲ့ ဒီ့ လှိုင်းဒဏ်တွေ အံကြိတ်လို့ ခံရုံမှအပ
မပွင့်ချင်ပဲ ပွင့်ခဲ့ရတဲ့ ကန်းတစ်ပွင့်သာသာ....။
အဲ့သလိုနဲ့ ......
မေတ္တာပေးသူတွေ
ဆိုဆုံးမသူတွေ
နမ်းခဲ့ဖူးသူတွေ
လွမ်းရသင့်သူတွေအတွက်
သရုပ်ဖော်... အပြုံးအတုများနှင့် 
မိသားစု ထမင်းဝိုင်းလေးရဲ့  ရယ်သံတွေ
ရန်ကုန်မြေမှာ ဘယ်ပုံသင်းပျံနေဦးမလည်း
တမ်းတမိတယ် လွမ်းစိတ်ဖုံးတဲ့မြို့ ရယ်....။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး