
အလင်းရောင်ဖိတ်ကျနေတဲ့အသံ
ဘယ်နေရာက ယိုစိမ့် သွားနေမှန်းကို မသိလိုက်တာ
နာကျင်မှုက ဓားသွားလို ထက်ရှနေသေးလား
အဲ့သလို မေးတဲ့ ကောင်လေး တစ်ယောက်အတွက်
ညဟာ အမှောင်မှာ တိတ်တိတ်လေးနဲ့ ကြောပေးသွားတယ်။
ရွှေရောင်ကို ငွေရောင်ဆိုး စပါးနှံလည်းပျောက်ခဲ့ရပြီ
မှန်တာပြောရရင် သူရဲကောင်းမှန်လို့ စောစောသေခဲ့ရတယ်
သေခြာပြန်ဖတ်ကြည့် ရင်....
သမိုင်းဖတ်စာအုပ်ဟာ ဇောက်ထိုးပြန်ဖတ်နေရသလို
တစ်ဖြည်းဖြည်း အာဇာနည် ရုပ်တုတောင် မျက်ရည်ကျရတော့မယ်..။
မနှိုင်ဝန် ထန်းခိုင်းတာမဟုတ်ဘူး ငြင်းကောင်းနေတုန်း
ခေါင်းစဉ်ကို စာစီကုံးတဲ့ ခေတ်ကို တောင်းတတာ မဟုတ်ပေမဲ့ 
သင်ပုန်းငေးနေတဲ့ ကလေးတွေ ရင်ထဲ ဇဝေဖ၀ါ ပညာရေးတွေနဲ့ 
~နှစ်~ ကို ~တစ် ~ အော် သင်ရိုး မကုန်နှိုင်ပဲ ကုန်ခဲ့ရသလို
အတန်းက ရှေ့ ဆုံးခုံတန်းလေးမှာ ထိုင်နေတဲ့ ဆရာမကိုငေးပြန်တော့
အောက်စီဂျင်မလိုဘူး ၊ တာဝန် မကျေမှာစိုးရိမ်နေသလား
၂၀၁၃သင်ခန်းစာတွေတောင်....သင်ရိုးအမှန် သင်ရိုးအမှန်အော်ရင်း
ကျောတစ်ခင်းစာ သက္ကရာဇ်တွေနဲ့...တစ်ခန်းပျက်ခဲ့ရပြန်ပြီ.....။
ဖြတ်လမ်းတိုင်း တက်ဖို့ မသင့်မှန်း နွံထဲခြေချ သူတွေနားလည်ပါ့မလား
အပန်းဖြေ ပန်းခြံထဲမှာ ကျောင်းသားတွေ ဘာသင်ခန်းစာ လေ့လာနေသလဲ
အလှတရားအဖုံဖုံနဲ့  ကိုရီးယား ကားတွေကြောင့်လား
ဒဂုံ တက္ကသိုလ် နားဝန်းကျင်က ဧည့်ရိပ်သာတွေကြောင့်လား
အင်တာနက်ပေါ် ရောက်ရောက်လာတဲ့ ကျောင်းသား vedioတွေ ကြောင့် လား
ခေတ်ကို ပုခုံးပေါ်တင်ပြီးရုန်းခံနေကြတဲ့ မိဘတွေချွေးစက်တွေကတော့
ကိုယ့်ကလေးဆရာ-ဆရာမတွေအတွက်လိုလို အသွင်ကို ဖြစ်လို့ ....၊။
ကျောင်းစာတွေ အရကျေကုန်ပြီလား....အဲ့သလို ...အဲ့သလို...အဲ့ သလိုနဲ့ 
ပညာ တစ်ဝက် အမှားတစ်ဝက် တွေ ကိုင်
စစ်မှန်တဲ့ အသိတရားတွေ ပျောက်ဆုံးခဲ့ကြ
တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲ အဲ့သလို ဘ၀တွေဝေးကြရဖို့ 
လွန့်လွန့်လူးလူး ထိဒဏ်ရာတွေမဲ့  အလင်းရောင်တွေအောက်
တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲ အဲ့သလို ဘ၀တွေဝေးကြရဖို့ 
လွန့်လွန့်လူးလူး ထိဒဏ်ရာတွေမဲ့  အလင်းရောင်တွေအောက်
ဥာဏ် ပညာတက် ကလေးတွေက အနာဂတ် မှာ လင်းဖြာတောက်ပ
အသိတရားတွေကြွယ်ဝ ကိုယ့်ပြည် ကိုယ့်နယ်ကို ဦးစောင်လို့ 
တိုင်းတစ်ပါးကို ရင်ဘောင်တန်း စွေ့ စွေ့ ခုန်စရာလား
တန်ရာတန်ကြေးတွေကြား ဘ၀တွေတောက်ပ
နေလောင်ခံအမာရွတ်တွေ ကင်းမဲ့ ကြဖို
နေလောင်ခံအမာရွတ်တွေ ကင်းမဲ့ ကြဖို
ဗီလိန်နာမည်တက် ကာရံအညစ်ညမ်းတွေ မဟုတ်လို့ 
မီးလောင်ခံဒဏ်ရာတွေ ဒီကဗျာကိုရေးဖြစ်ရတယ်.....။
မီးလောင်ခံဒဏ်ရာတွေ ဒီကဗျာကိုရေးဖြစ်ရတယ်.....။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး