ဖတ်ချင်တာဒီကအလွယ်ရှာပါ
Friday, September 6, 2013
စနစ်ဆိုးတွေ ငေးမိတိုင်း အမေ့ ကို သတိရမိတယ် အမေ....
ကျွန်တော် လောက၀ဲဂယက်ထဲ ချာချာလည်နေစဉ်အတွင်း အထင်မသေးသူက တကယ်တမ်းစစ်လိုက်တော့
မိခင်တစ်ယောက်သာဖြစ်နေခဲ့ တယ်။
 သားကို ပညာတတ်စေလိုလှသဖြင့် သားကို ကျောင်းထားသည်။ သား-ကျောင်းနေနိုင်ရေးအတွက် ကျောင်းနှင့် ဝေးလှသော လမ်းလေးဘေးတဟ်ဖတ်မှာ  အကြော် ဆိုင်ကလေးဆောက်ကာ ရောင်းရရှာသည်....။ အကြော်ဗန်း ကို ခေါင်းတင်၍ ရှာသော မိန်းမတယောက်၏ ၀င်ငွေမှာ စစ်စစ်ပေါက်ပေါက်တွက်လျှင် အဲ့ တနေ့ သုံးကျပ်ပင် မရှိနိုင်ပါ။ သို့သော် မုဆိုးမကလေးက သူသာ အစားဆင်းရဲခံပြီး သားဖြစ်သူ မငြိုငြင်ရအောင် သူများနဲ့တန်းတူဖြစ်အောင် ထားခဲ့ သည်ဟုပြောလျင်
မည်သူယုံနှိုင်မလည်းနော်......။
တောင်ဝှေးထောက် သွားနေသူကမှ ကြည့်  ကောင်းသေးသည်......
သစ်ပင် ပန်းပင်တို့ရဲ့ မျိုးဆက်ပြန့်ပွားမူ့က ဗီဇနိယာမ လောကသဘာဝအတိုင်း ဖြစ်နေတာပါ...။
တစ်ကယ်တော့ ....
သားသမီးဆိုတာ ဧည့်သည်တွေပဲ မဟုတ်လား.....
အလုပ်ကနေ ပြန်လာတိုင်း အရင်ဆုံးတွေ့ ချင်တာကတော့ အမေပဲ။ အမေ့ မျက်နှာကို မြင်ချင်တယ်။ အမေ့ရဲ့ အပြုံးကို တွေ့ ချင်တယ်။ ကျွန်တော်ပြန်လာတာ မြင်ရုံနဲ့  မျက်ရည်စို့ ကာ
ဝမ်းသာအားရဖြစ်ပြီးအမေရဲ့  အကြင်နာ လက်နဲ့  ဆီးကြို ပွေ့ ဖက်တာ ကို ခံချင်သေးတယ်။ အမေ့  ချက်ကျွေးတဲ့ ထမင်းဟင်း ကို စားချင်တယ်။ အမေ ပြောတဲ့ ဆုံးမစကားတွေကို နားထောင်ချင်တယ်။ မကြီး မငယ်နဲ့  အမေ့ခွံ့ ကျွေးတဲ့ ထမင်းလုတ်ကို ကလေး ငယ်တစ်ယောက်လို အားရပါးရ စားချင်သေးတယ်....
ဒါပေမဲ့ ပြည်ခြားမှာမျက်နှာသစ်နေရတဲ့  ငါ.......
ဘုရား တရားသံဃာ၌ မိရိုးဖလာထက် သက်ဝင်ပိုမို ကြည်ညိုတတ်အောင် ဆရာကြီး ဦးသုခ ( အဘ ) ၏ အဆုံးအမ သြ၀ါဒနှင့် စာပေ အနုပညာတို့က ဖတ်မှတ်မိသူတိုင်းအတွက် အမှတ်ရနေဆဲလေ....။
အမွေးအတောင် မစုံခင်သာ မိဘတို့ရဲ့ ရင်ခွင်မှာ ရပ်နားပြီး အမွေးအတောင်စုံတာနဲ့ တစ်ပြိုင်နက် အသိုက်အမြုံထဲက
တစ်ကောင်ပြီး တစ်ကောင် ပျံထွက်သွားကြတဲ့ ငှက်ကလေးတွေနဲ့ မခြားနားကြပါဘူး။
မိဘတွေက ပညာသင်ကြားပေးခဲ့တာက သားသမီးများက ပြန်လည်ကျွေးမွေးဖို့ အဓိကစေတနာမဟုတ်ရှာကြပါဘူး။
သာသမီးများရဲ့ တစ်သက်တာ ရှေ့ရေးကို မျှော်တွေးပြီး အရင်းအနှီး ပေးလိုက်တာပဲ ဖြစ်ပါတယ်။
မိဘကို ပြန်ကျွေးတဲ့ သားသမီးဆိုတာ တစ်ရာမှ တစ်ယောက်လောက်ကို သန်းရှာသလို ရှာကြည့်ရမှာကို
အစကတည်းက သိကြပြီးပါ။
မိမိသားကလေး သူ့သားမယားကို ရှာကျွေးတဲ့ အခါမှာ သက်သက်သာသာ မပင်မပန်း ရှာကျွေးနိုင်ပါစေဆိုတဲ့
စေတနာက အဓိက ဖြစ်နေတက်မြဲလေ....မဟုတ်လား....။
ဒီလောကမှာ အမေ့ကိုမှ မချစ်ဘူး။ မသိတတ်ဘူးဆိုတဲ့ လူဟာလေ သူကိုယ်တိုင် ဘယ်သူ့ကိုမှ ချစ်လိမ့်မယ် မထင်မထင်မိပါဘူး။ တိုင်းပြည်ကိုလည်း မချစ်ဘူး။ ဘယ်သူ့ကိုမှလည်း ရိုသေမှာမဟုတ်ဘူး။ ဘယ်သူ့ကျေးဇူးကိုမှလည်း သိတော့မှာမဟုတ်ဘူးဆိုတာ စိတ်သာချ ဒိဠ ဒိဠအမှန်ပါပဲဗျာ။ (ထိုတစ်နေ့ - ဆောင်းပါး) မှာဖတ်မှတ်ခဲ့ဘူးပါတယ်...။
မနှစ်သက်သောအာရုံနှင့်တွေ့သောအခါဒေါသမဖြစ်အောင်သည်းခံရမည်လို့ 
ခနခနပြောခဲ့တဲ့ အမေရဲ့ ဆိုဆုံးအခြင်းတွေမမေ့နှိုင်သေးပါဘူး.....။
တကယ်တော့ တွေးမိတိုင်းရင်နာနေတုန်းပါပဲ...... ဘယ်လောက်ပင်စားရစားရ တစ်ဝမ်းဝရုံပါ။ ဘယ်လောက်ပင်ဝတ်ရ၀တ်ရအရေပြားဖုံးရုံပါ၊ ဘယ်လောက်ပင်အိပ်ရနေရ တစ်ကိုယ်စာလေးပါ ဘယ်လောက်ပင်ပစ္စည်းဥစ္စာရှိရှိ သေလျှင်ထားပစ်ခဲ့ရတာပါ။ ကုသိုလ်ပြူလျှင်ကိုယ်ဖို့၊ စိတ်ထားကောင်းကောင်းထားတတ် လျှင်ကိုယ်ဖို့ပစ္စည်း ကျန်ခဲ့လျှင်သူများဖို့ ထားပစ်ခဲ့ရတာပါ၊မသေခင်လေးစိတ်ထားကောင်းကောင်းလေး ထားရင်ဒေါသ၊လောဘ၊မောဟ ကိုထိန်းရင၊် အားလုံး ကိုယ့်အတွက် ကျန်မှာ ချည်းပါပဲလို့ ပြောနေသူတွေရှိနေပေမဲ့ 
သိပါတယ်ပြောသူတွေ ဘာလို့ မမြင်ယောင်ဆောင်နေရတာတုန်းနော်....။
ဘာပဲဖြစ်ဖြစ် အမေစိတ်ချပါ......
စနစ်ဆိုးတွေ ပျက်သုဉ်း အဆင့် တန်းတေါ တူညီစွာဝေခွဲ အဲဒီလို အဆုံးသက်ပေးမဲ့ နေ့  အမေ့အတွက် သားနှလုံးသားကိုထုတ်
အမေ့ အတွက် ပန်းတကုံး စီကုံးလို့ ညယ်တော့မှ မမေ့ နှိုင်တဲ့  မေ့မရတဲ့မြန်မာပြည် ကို တနေ့တော့ တစ်နေ့ တော့  အမေ့ဆီ ပြန်လာမှာပါ အမေ..။
သားအမေ့ကိုသတိရတိုင်း ဒီပုံပြင်လေးတွေ ဖတ်နေမိတယ်အမေ.....
တောင်ထိပ်ပေါ်က မိခင်မေတ္တာ
စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတခုက လက်တွေ့ဖြစ်ရပ်လေးတခု ဖြစ်ပါသည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးများရှိသည်။ တနေ့တွင် လင်းယုန်ကြီးတကောင်က ပုခက်အတွင်းမှ ကလေးတယောက်အား သုတ်ချီယူလာပြီး မြင့်မားမတ်စောက်သော ကျောက်တောင် တတောင်၏ အစွန်အဖျားတွင် ချထားလေသည်။ မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။
တရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေကြသည်။ တက်ရဲမည့် သူရဲကောင်းကား ပေါ်၍မလာ။ ကလေးကို တောင်ပေါ်မှပြန်ယူပေးနိုင်ရန် အမျိုးမျိုး အကြံဉာဏ်ထုတ်နေကြသော်လည်း အချည်းနှီးသာ။ ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော သင်္ဘောသားတယောက်က ကလေးကို သူရအောင်ကယ်မည်ဟုဆိုကာ မတ်စောက်သော တောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏ သုံးပုံတပုံ ထို့နောက် တောင်၏တ၀က်သို့ ရောက်၏။
အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍ မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတယောက်က တက်ပြန်သည်။ တောင်တက်သမားလည်း တောင်သုံးပုံနှစ်ပုံခန့် ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန် လေသည်။ တောင်တက်သမားသည်ပင်လျှင် လက်လျှော့လိုက်သောအခါ ရွာသူရွာသားများမှာ ဘာမျှမတတ်နိုင်တော့၊ အားငယ်စွာဖြင့် ကြည့်နေမိကြရလေသည်။
ထိုအချိန်မှာပင် တောသူမတယောက်က သူတက်မည်ဟုဆိုရာ တက်ပြန်လေသည်။ ယောက်ျားရင့်မကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင်ဟု တွက်ဆပြီး အများစုက အမျိုးမျိုးတားမြစ်ကြ၏။ တောသူမကား တဦးတယောက်၏ စကားကိုမျှ နားမ၀င်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုတ်ဖက်၍ တက်လေသည်။ တောင်တ၀က်သို့ရောက်သောအခါတွင် ၀ိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကာ အားပေးစကား ဆိုလာကြသည်။
တောသူမ ဖြည်းဖြည်းချင်း ကုတ်ကပ်တက်ရင်းက သင်္ဘောသားနှင့် တောင်တက်သမားတို့ မတက်နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏ အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကို ကောက်ပွေ့၍ အားပါးတရ အထပ်ထပ်အခါခါ နမ်းရှုပ်လိုက်ပြီးနောက် ကျောကုန်းတွင် အနှီးစနှင့် သိုင်းပိုးပြီး သူတက်လာခဲ့သည့်အတိုင်း ကုတ်ကပ်ပြန်ဆင်း၍ အောင်မြင်စွာဖြင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။
ထို့ကြောင့် အံ့သြချီးမွမ်းသံများလည်း ဘ၀ဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့် တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထား သောကြောင့် တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း၊ ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သောကြောင့်၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက် ပို၍ ချစ်သနည်း။ တောသူမသည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။
မြင့်မားမတ်စောက်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား မိန်းမတို့ မတက်နိုင်ကြသည်မှာ လောကနိယာမပင် ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင် ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် သက်စွန့်ကြိုးပမ်း တက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာသည် ထိုနိယာမကို လွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတယောက် လွန်ဆန်ခဲ့ပြီ မဟုတ်ပါလော။ဒီပုံပြင်းလေးကို
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး
ကြိုက်တာအော်ခဲ့ ဗျို့ 