ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, September 10, 2013

ကဗျာငိုမှာစိုးရိမ်လို့ 

 
ထပ်တူမကျခြင်းကို အငြင်းမပွားဘဲ ငြင်းဆိုကြောင်း သံပြိုင်ဟစ်ချင်ပေမယ့်
ဟစ်ကြွေးခဲ့ပါတယ် ..ငါမဟုတ်ဘူး
ဘာသာရပ်တိုင်းမှာ သူတို့တွေပဲ အမှတ်ကောင်းတွေနဲ့ 
ကိုယ့်ဒူးကိုယ်ချွန်တဲ့  ကလေး နေရာဖယ် ပေးရတယ်...။
အရိုးစွဲသင်ယူမှုအောက်မှာ ဘ၀ဟာ ကြေးမများဘူးတဲ့ 
ပဉ္စလက်ဆန်မှုတွေကိုကြည့်ပြီး ကြောက်နေရတဲ့  မြေ
ခရိုနီ တွေ အစာဝ အအိပ် ၀ တဲ့ မြို့ ဖန်တီး
အိုးမည်းသုတ်ထားရုံနဲ့  လုံခြုံနေကြတယ်...။

 
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးထဲမှာ 
သူ့ တို့ အတွက် လက်ဆောင်တွေများတာက လွဲပြီး
အထင်ကြီးစိတ်နဲ့ လိုရာဆွဲတွေးဝါဒတွေက နေရာတိုင်းလိုလို
                    အဲ့သလိုတွေနဲ့ .....နေလာရင်း
ချော့မြူချောက်လှန့်မာယာတွေ ကြားထဲလွတ်လပ်ဖို့ 
မှန် တစ်ချပ်ရှေ့ ရပ် ငါ့ကိုယ်ငါ ပြန်ငေး
စစ်မှန်တဲ့  ရိုးသားမှုရှိသူတွေဆီပြန်မသွားခင်
စစ်မှန်တဲ့  ငါ့ ကဗျာတွေ ငိုမှာ စိုးရိမ်နေမိတယ်....။
နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 