ဖတ်ချင်တာဒီကအလွယ်ရှာပါ

Sunday, February 24, 2013

ငါနှင့်ခရီး

သေခြာပါတယ်......ငါမလိမ်ပါဘူး
ချစ်ကာယံတွေထက် သံစဉ်တွေပြည့်တဲ့
အချစ်ဆိုတာ ငါ့ဘ၀မှာရှိတယ်။
မည်သူပြောလိုက်မှန်းမသိပေမဲ့ 
မသေချာတဲ့ တောင်ပံတွေရဲ့ ခတ်ချိန်ကြား
ငါ့စိတ်ဝိညာဉ်မှာ ငြိမ်းချမ်းမှု တွေရှိတယ်..။
ငါ့ရဲ့ပြတင်းပေါက်တွေကိုဘယ်သူရေချိုးပေးနေပါလိမ့် 
နံရံပေါ်က ဓာတ်ပုံ လေး  ငေးနေပုံများ
ဘောင်တွေကိုကျော်ပြီး ပြုံးပြနေလိုက်တာ
မသိလို့ဆိုပြီး ပြီးဆုံးသွားတဲ့ဘ၀တွေအတွက်
ငါ ဘာနဲ့လျော်ကြေးပေးဆောင်ရမလဲ..။
ကယ်.....မထူးပါဘူး.......
ပိတ်ဆို့ထားတဲ့ ငါ့ နားတွေကို ဖွင့်ပေးပါ
ငါတွေ့ တယ်............
ရှဲခနဲ´ မီးတောက်များကြားမှာ
ဝလင်မှု၊ ကြေနပ်မှု၊ ဘ၀ပျော်ရွှင်မှု ဘယ်မှာရှိ
မြက်ခင်းစိမ်းစို အားရပါးရ ငုံ့စားနေတဲ့မြင်းလိုပဲ
မီးခိုးမဲ့  ပျောက်ကွယ်သွားသူများ
မထင်ထားခင် နောက်ထပ်ရောက်လာသူများ
အဲဒီမှာ ငါက ကားယားကြီး ထိုင်ငေးနေချိန်
လွမ်းဆွတ်ဖွယ်ဖြစ်အောင် ငါ့ကိုဆွဲဆောင်နေကြ
အဲဒီ့ အချိန်တွေကိုဖြတ်ကျော်ပြီး.........
ငါ့မာနတွေက မီးရထားလက်မှတ်ဝယ်
ဘယ်သူကိုမှ  မနှုတ်ဆက်ပဲ ခရီးကိုတွေး
အိပ်စက်ရင်း လိုက်ပါသွားနေပြီ..။
အမေ့သားနေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 