အားလုံးက မျဉ်း တစ်ဖြောင့်တည်း
ရှာပုံတော်ရဲ့ မွတ်သိပ်မှုဟာ
ကျယ်ပြောတဲ့ လေ ရိုင်းလိုဘဲ
ကဖိန်းဓါတ် စွဲနေကြပြီလား
သေချာတယ်...
စာမတတ်သည့်...လူငယ်က
နေရာ ရွေး ခံနေရတုန်း..။
မှောင်မိုက်တဲ့ချိုမြိန်မှုကိုကိုင်
အေးစိမ့်နေအောင်စိမ်ထားတဲ့
လည်တိုင်ကြော့ကို ငတ်မွတ်စောင်းကြည့်
ခါးကုန်းတို့ရဲ့ ယှဉ်ပြိုင်ပွဲမှာ
ပညာမဲ့သူက...စိတ်အားငယ်နေတုန်း..။
အရာဝတ္တုတွေရဲ့ ချိုင့်ဝှမ်း
ဖိနပ်မပါ ယောက်ျားတစ်ယောက်
ပျံသန်းဖို့အားကုန်ညှစ်
ဝေဖန်ရေးသမားတွေက ရယ်မော
ကျဉ်းထဲကျပ်ထဲမှာ ရှိုက်ငို
ရူံးနိမ့်သူက ပြသနာဘက်
အခုထိ ရှိနေတုန်း..။
အဲ့သလိုပါဘဲ.....
နွမ်းပါးတဲ့ဘ၀ထဲကရှာပုံတော်ရဲ့ မွတ်သိပ်မှုဟာ
ကျယ်ပြောတဲ့ လေ ရိုင်းလိုဘဲ
ကဖိန်းဓါတ် စွဲနေကြပြီလား
သေချာတယ်...
စာမတတ်သည့်...လူငယ်က
နေရာ ရွေး ခံနေရတုန်း..။
မှောင်မိုက်တဲ့ချိုမြိန်မှုကိုကိုင်
အေးစိမ့်နေအောင်စိမ်ထားတဲ့
လည်တိုင်ကြော့ကို ငတ်မွတ်စောင်းကြည့်
ခါးကုန်းတို့ရဲ့ ယှဉ်ပြိုင်ပွဲမှာ
ပညာမဲ့သူက...စိတ်အားငယ်နေတုန်း..။
အရာဝတ္တုတွေရဲ့ ချိုင့်ဝှမ်း
ဖိနပ်မပါ ယောက်ျားတစ်ယောက်
ပျံသန်းဖို့အားကုန်ညှစ်
ဝေဖန်ရေးသမားတွေက ရယ်မော
ကျဉ်းထဲကျပ်ထဲမှာ ရှိုက်ငို
ရူံးနိမ့်သူက ပြသနာဘက်
အခုထိ ရှိနေတုန်း..။
အဲ့သလိုပါဘဲ.....
အဖိုးတန်ကျောက်တစ်လုံး
ကိုယ့်ဖြစ်တည်မှုကိုငေး
အားငယ်စိတ်အပြည့်နဲ့ ပျိုးလက်အောက်
မဖြစ်စလောက် ရပ်တည် မှု အတွက်
လူမဖြစ်သေးခင်မှာဘဲ
ကျဉ်းထဲကျပ်ထဲက မိုးခါးရေတွေသောက်
လူဖြစ်ချင်ယောင် ပြန်ဆောင်နေရပေမဲ့ 
နည်းနည်းရိုက်နှက်ဆုံးမမဲ့သူ...
လိုချင်တောင့်တ ရှာနေတုန်းပါဘဲ..။
ဒါပေမဲ့ .......ဧကန်စင်စစ်
လက်ကြားက ဆေးလိပ်လည်းတို
ကော်ဖီ ခါးခါးတွေလည်းအေးစက်
ယက္ခ၊ဂုဏ်မာန် မဟုတ်တဲ့ စေတနာထဲမှာ
နောင်တတွေမပါဘဲ
ငိုကြွေးခြင်းတွေမပါဘဲ
စောင့်ဆိုင်းနေတဲ့  ထွေးပွေ့ မှုအောက်
ကမ္ဘာကိုလှည့် မယ့်ကြယ်ပွင့် တွေ
ပေါ်ထွန်းလာနှိုင်ဖို့ လေ.။။
ခင်မင်လေးစွာဖြင့်အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး