ဖတ်ချင်တာဒီကအလွယ်ရှာပါ

Monday, December 24, 2012

လူတွေကြားကကဗျာများ,

ဘယ်ကလေတိုးသံပါလိမ့်

ဘယ်ကလေတိုးသံပါလိမ့်
ငါက..ဆရာတစ်ယောက်ပါ..
စာသင်ခန်းကိုငေးမိတယ်
အလုံပိတ်ထားပါလျက်နဲ့ 
ဘယ်ကလေးတိုးသံပါလိမ့်
ထင်မထားပဲ..ငါ့ကိုကျော်လို့ ..။
ငါကခေါင်းဆောင်ကောင်းတစ်ဦးပါ
ငါ့အမိန့်သံ..အားလုံးနားထောင်နေလျက်နဲ့ 
ဘယ်ကလေတိုးသံပါလိမ့်
ပညာတစ်စက်..လူငယ်အတွေးက
ထင်မထားဘူး..ငါ့ကိုသာလွန်နေပြန်..။
ငါကပညာရှာသူတစ်ယောက်ပါ...
ပညာတွေကြွယ်ဝနေပါလျက်နဲ့ 
ဘယ်ကလေတိုးသံပါလိမ့်
ပညာနှစ်စက်...လူလတ်အတွေးက
ထင်မထားခင်...ငါ့ကိုသင်ပြနေတယ်..။
ငါကအသိတရားခိုင်မြဲသူတစ်ယောက်ပါ
ကဲ့ရဲ့သံကို..ပြုံးပြနှိုင်ပါရက်နဲ့ 
ဘယ်ကလေတိုးသံပါလိမ့် 
ပညာမနှိုင်...လူအိုထွားထွားက
ထင်မထားတဲ့..ငါ့ကိုခေါ်ကာ
ပညာကိုရှာ..မှတ်မိခြင်းအား
လောကကိုငေး..နှစ်သက်ရာဆေးခြယ်
မိမိမှတစ်ခြား..အလင်းမြင်စေဖို့ 
ခြယ်သအုံးတော့..လင်းလက်အောင်တဲ့ ..။
မထင်ချိန်မှာ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်တော့ဟု
ရပ်တန်းကရပ်မယ်ကြံတဲ့သူ
့ဖြစ်နိုင်ပါ့မလား...စခဲ့မိဟာပေါ့။
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်အနွမ်းကိုအသာဖြေလို့
အောင်မြင်မှု့ ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
စွမ်းဆောင်နှိုင်လေရဲ့နော်
အိုကွယ်.....ချစ်ဖွယ်လူသား။
                      အမေ့သားနေလင်းဖြိုး...
27.12.2012
ကျွန်တော့်မွေးနေ့အတွက်အမှတ်တရအဖြစ်သီဖွဲ့ခဲ့ခြင်းဖြစ်ပါသည်ခင်ဗျာ
စာပေနှစ်သက်သူအပေါင်းနှလုံးစိတ်ဝမ်းထာဝရအေးမြကြပါစေဗျာ

 

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 