ဘ၀မြုံရတဲ့လတစ်စင်း
့အသက်ရှုသံတွေ တိုးတိတ်,
ရိုးသားမှု့ တစ်ခုပိုင်သူက
ရိုးသားမှု့ တစ်ခုပိုင်သူက
ငါ့နှလုံးသားတစ်စုံမကဘူး
ဖုံးလွှမ်းထားနိုင်တယ်ကွာ..။
ဖုံးလွှမ်းထားနိုင်တယ်ကွာ..။
ဒါပေမဲ့ ..ငါထင်မထားခဲ့ဘူး
အလှမက်သူကောင်မလေး
သူ့အလှနေ...ကွယ်တော့မယ်
သူ့အရိပ်က..သူ့ဒေသကို စွန့် 
သူ့အရိပ်က..သူ့ဒေသကို စွန့် 
နောင်တမျက်ရည်တွေစိမ့်ကျ
မျှော်လင့်သောလက်တွေက
သူနဲ့ ဝေးပြီးတာထက်ဝေးကွာ
သြော်...အကြိုက်လွယ်လှ
အမှောင်လမ်းက...အပျော်တဲ့လား..။
အရိပ်မထွက်နိင်တာ
ပိန်းပိတ်မည်းမှောင်
မှောင်ကျနေလို့ ပါ..။
ဘ၀ကိုက...
အဲ့သလို..ကျ..ခဲ့ရ..
ဘယ်သူနားလည်နိုင်မလဲ..။
အရိပ်တွေလည်းပျောက်ရှ
အညွန့် သေတဲ့ပန်းပင်က
အရိပ်သစ်မှာခိုလို့မရ
အရိပ်သစ်မှာခိုလို့မရ
ဘယ်သူစာနာပေးနိုင်မလဲ..။
လက်ညိုးထိုး...ပယ်ချနေတဲ့လူတွေကြား
လျှောက်လွဲချက်တော့မဟုတ်ဘူး
ဘ၀ရဲ့ သုံးသပ်ချက်ရဲ့ အဖြေကိုက
အရိပ်ဟောင်းမှာပဲ.....အကျဉ်းကျ..။
နေလင်းဖြိုး
ဒီကဗျာက
ကျွန်တော့်အရှေ့မှာ
သူ့ဘ၀ကိုပြန်သွန်ချပြတဲ့
အခုလက်ရှိ
သန်းခေါင်ယံငှက်အသွင်အလုပ်ဖန်တီးနေသူ၏ဘ၀ကိုကာရံလေးဖြည့်ကာအရံချပြရုံပါလေ..
ဖတ်သူအပေါင်းသည်ဒီဘ၀ရောက်လုဆဲညီမငယ်များကိုဖေးမကူညီနှိုင်ကြပါစေဗျာ
ခင်မင်လေးစားလျက်နေလင်းဖြိုးခေါ်လွင့်ပျံရာငှက်ငယ်.......
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး