မွေးရကျိုးနပ်တဲ့...ငှက်
အသက်ရှူသံတစ်ခုဖြင့်ပျံသန်းခြင်းလား
အသက်ရှူသံတစ်ခုဖြင့်ပျံသန်းခြင်းလား
ကြယ်ကြွေပွင့်တို့ရဲ့မနက်ဖြန်မှာတော့
ဘယ်ကမ္ဘာကို..ဆုခြွေသက်ဆင်းနေသလဲ
အနှစ်သာရ..ရသတွေကိုခပ်မြည်းနေတဲ့ကံတရားက
ကောင်းကင်ပြာရဲ့ ဧည့်ခန်းမှာတည်းခိုနေတုန်း
ဘယ်သူမြင်မလဲ..ငါမပါဘူးဆိုတာကို...။။
ထားပါတော့ ...........
မျက်နှာဖုံးကြည့်ပြီး..အလှရွေးခြယ်နေတဲ့ခေတ်ကို
ဘယ်သူစပြီး...မီးမောင်းထိုးပြလိုက်ပါလိမ့်နော်....
သနပ်ခါးမက်သူတွေရဲ့ မျက်နှာပြင်ကိုငေးမိတော့
ဘူးပြားလေးအောက်က...ကာလာစုံတွေကိုကိုင်
ပြင်ဆင်မှု့ တွေနဲ့..အိမ်အပြင်ထွက်နေကြတုန်းလေ..။
မြင်သာပါ့မလား....
ဒီနေ့ရဲ့ ...ရောင့်ရဲခြင်းကြမ်းပြင်ပေါ်ကထမင်းဝိုင်းမှာ
ရွေးချယ်မယ်ကြည့်တော့...ဟင်းလျာတွေပြည့်စုံနေပေမယ့်
ထမင်းခူးသူမရှိဘူး..ဇွန်းကမ်းပေးမဲ့သူမတွေ့ ဘူး
မြင်တတ်အောင်ကြည့်တတ်မှ....အလင်းဖြစ်စေမယ်...။။။
သနားဖို့ ကောင်းပါ့မလား.....
ဓနနှင့်ဂုဏ်ကိုမှောက်သွန်ပြီး...အရိပ်ထိုး..
ပြုံးနေနိုင်တဲ့...ဖခင်က..အရိပ်လုံနေပေမဲ့ 
ယိုစိမ့်နေသောအိမ်ခေါင်ကိုငေး...အနေခက်နေတဲ့ မိခင်က
နှုတ်ခမ်းကိုဖိ...အံကိုကြိတ်...မ၀လွန်စာကိုလွေး
ဘေးအိမ်ကဆိုပေမဲ့ ...သူနှလုံးအိမ်မှနာကြင်ဒဏ်မြင်လှဲ့ ကွယ်...။။
ဖြစ်သင့်ပါသလား...
ကိုမွေးတဲ့ ..ငှက်တစ်ကောင်မက..အစာဝလို့ရင်ကိုကန်နေပေမဲ့ 
အပြုံးမပျယ်..ကြိုမြင်တဲ့..လမ်းကြမ်းကို..လက်ညွှန်ပြကောင်းနေတုန်း...။
ရှက်သင့်တာကိုနားလည်ပါ့မလား....
နှုတ်တိုက်ကျက်ဖြေနေ၇တဲ့ခေတ်ကို..ခေါက်ချိုးပြီးမှ
ပြင်ချိန်ကိုတွေး..နံဘေးလူဆီမှခိုးချနေအုံးမှာလား
ခလုတ်တိုက်မှမြင်တဲ့အချိန်က..နှောင်းလွန်းမယ်ထင်ပါတယ်..။။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး