အနာဂတ်ကောင်းကင် မိသားစုဆိုဒ်အတွင်းမှ မိသားစုဝင် ညီအကိုမောင်နှမ
များအားလုံးကျန်းမာ ပျော်ရွှင်ကြပါစေလို့  ဦးစွာဆုတောင်ပေးလိုက်ပါတယ်ခင်ဗျာ
ကောင်းကင်အတွင်းမှ မိသားစုဝင် ထင်ရှားသော အက်တစ်မန်ဘာဝင်များရဲ့ 
ပျော်ရွှင်ဖွယ်မွေးနေ့ များကို ကောင်းကင်သား ကောင်းကင်သူ ညီအကိုမောင်နှမများမှ
ဝိုင်းဝန်းဆုမွန်တောင်းပေးခဲ့ကြရင်း
အခုဆိုရင် ကောင်းကင်ရဲ့  မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကောင်းကင်ထဲကကြယ်စင်တစင်းဖြစ်တဲ့
ပျော်ရွှင်ဖွယ်မွေးနေ့ များကို ကောင်းကင်သား ကောင်းကင်သူ ညီအကိုမောင်နှမများမှ
ဝိုင်းဝန်းဆုမွန်တောင်းပေးခဲ့ကြရင်း
အခုဆိုရင် ကောင်းကင်ရဲ့  မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကောင်းကင်ထဲကကြယ်စင်တစင်းဖြစ်တဲ့
အမေ့သား နေလင်းဖြိုး ရဲ့ 
မင်္ဂလာရှိသော 27.12.2011 မွေးနေ့ ကလေးသို့ ပြန်လည်၍ ရောက်ရှိလာခဲ့ပြန်ပါပြီ....
အမေ့သား နေလင်းဖြိုး ရဲ့ 
မွေးနေ့ မှစ နောင်နေ့ ရက်တွေတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ နဲ့ 
ပြည့်စုံပါစေကြောင်း အနာဂတ်ကောင်းကင် မိသားစုဝင်မောင်နှမတွေအားလုံး
ဝိုင်းဝန်း ဂုဏ်ပြုကာ ဆုတောင်းပေးကြပါစို့ ဗျာ.....
ဝေဆာတင့်မိုး နေလင်းဖြိုး
ဆောင်းနှင်းဝေသီ လင်းလက်တည်ပြီး
ဒီဇင်ဘာလ ချမ်းအေးညဝယ်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည့်
ဝေဆာတင့်ရောင် လင်းပျံ့ဆောင်သည့်
နေလင်းဖြိုး၏ မွေးနေ့တည်း
မွေးနေ့မဟာ မင်္ဂလာတွင်
ကောင်းကျိုးချမ်းသာ သုခဖြာကြောင်း
မေတ္တာရင်းခံ စိတ်ရည်သန်၍
ကောင်းကင်ဆွေသား မောင်နှမများမှ
ဆုတောင်းမေတ္တာ ပို့သသည်
မွေးနေ့မှသည် စိတ်လက်ကြည်ပြီး
ချမ်းသာသုခ လိုတိုင်းရ၍
ကောင်းကင်ပဏ္ဍာ ပေးအပ်ပါမည်
သတိညာဏ မလစ်ပနှင့်
မှတ်ရန်ထာဝရ လက်ဆောင်တည်း
ရခဲဘဝ ဒုလ္လဘတွင်
မိဘကျေးဇူး သိမြင်ဦးပြီး
မနှေးစေရ ဇွဲလုံ့လနှင့်
ပခုံးဘယ်ညာ တင်ပြီးသာပ
ဘဝသက်တာ ကျွေးလုပ်ပါလည်း
ကျေးဇူးမြင့်မိုရ် အထိုထိုကြောင့်
ကြေရန်ကျေးဇူး ရှိနိုင်ဘူး
အလင်းအားဖြင့် ညမီးအိမ်
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
မေ့...........မရတဲ့
သား.....ရဲ့ မွေးနေ့ မှာ
နေ......ရောင် လရောင်လို
လင်း......ဖြာဝေအောင်
ဖြိုး...ဖြိုးလက်လက်
သား.....ရဲ့ မွေးနေ့ မှာ
နေ......ရောင် လရောင်လို
လင်း......ဖြာဝေအောင်
ဖြိုး...ဖြိုးလက်လက်
နဲ့ 
တောက်ပ လှပနိုင်စေဖို့ 
သားကြိုးစားနေတယ်....မေမေ....
သက္ကရာဇ် တခု တိုးလာချိန်မှာ
ဒီလို နှင်းတွေ ဝေေ၀နေတာ
အေးချမ်းစွာ နိမိတ်တွေကိုဆောင်ပြီး
သားကို မွေးခဲ့တဲ့ ချစ်မေမေ
အသက်ရဲ့ ဇရာ တစ်နှစ်တိုးလို့ 
ရောက်ပြန်လေတိုင်း
တောက်ပ လှပနိုင်စေဖို့ 
သားကြိုးစားနေတယ်....မေမေ....
သက္ကရာဇ် တခု တိုးလာချိန်မှာ
ဒီလို နှင်းတွေ ဝေေ၀နေတာ
အေးချမ်းစွာ နိမိတ်တွေကိုဆောင်ပြီး
သားကို မွေးခဲ့တဲ့ ချစ်မေမေ
အသက်ရဲ့ ဇရာ တစ်နှစ်တိုးလို့ 
ရောက်ပြန်လေတိုင်း
မေမေရဲ့ သားက
ဘ၀ ရဲ့ အားမာန်ထူလို့  ဖြတ်သန်းသွားရင်း
လောကပါလ တရားတွေကို
သိရှိနားလည်းခဲ့ပြီး မေမေ
အမေ့ရဲ့ ရင်တွင်း စကားတွေ
ဘ၀ ရဲ့ အားမာန်ထူလို့  ဖြတ်သန်းသွားရင်း
လောကပါလ တရားတွေကို
သိရှိနားလည်းခဲ့ပြီး မေမေ
အမေ့ရဲ့ ရင်တွင်း စကားတွေ
နဲ့ 
မေမေရဲ့ အလှတရားတွေက
သားရဲ့ မွေးနေ့ ရောက်တိုင်း
သားရင်ထဲမှာ ခုထိ ထာဝရ
သိမ်းဆည်း ထားလျက်ပါ.....မေမေ။
အမေ့သား နေလင်းဖြိုး
မွေးနေ့ဆိုတဲ့ ခံစားမှု
မေမေရဲ့ အလှတရားတွေက
သားရဲ့ မွေးနေ့ ရောက်တိုင်း
သားရင်ထဲမှာ ခုထိ ထာဝရ
သိမ်းဆည်း ထားလျက်ပါ.....မေမေ။
အမေ့သား နေလင်းဖြိုး
မွေးနေ့ဆိုတဲ့ ခံစားမှု
ကဗျာတွေနဲ့ 
ဖွဲ့ နွဲ့လို့ 
ဖွဲ့ နွဲ့လို့ 
ဆယ်စုနှစ်များရဲ့ 
အမှတ်အသားတွေ ရောက်တိုင်း
အမှတ်အသားတွေ ရောက်တိုင်း
ဒီလိုအေးချမ်းလှပတဲ့
ဒီဇင်ဘာဆောင်းမှာ
မွေးနေ့ ရက် လ နှစ် နဲ့ အတူ
မိဘတွေရဲ့ 
မွေးနေ့ ရက် လ နှစ် နဲ့ အတူ
မိဘတွေရဲ့ 
စေတနာ မေတ္တာတွေကို
ပြည့်ဝ သိရှိ နားလည်းနိုင်သော
ဘာသာ သာသနာအကျိုး
ပြည့်ဝ သိရှိ နားလည်းနိုင်သော
ဘာသာ သာသနာအကျိုး
သယ်ပိုရွက်ဆောင်ပြီး
ပျော်ရွှင်ဘွယ်ရာ
ပျော်ရွှင်ဘွယ်ရာ
မိသားစုဝင် အိပ်မက်တခုကို
အသက်သွင်းလို့ 
ဒီနှစ်မှ နောက်နှစ် များဆီသို့ 
မျှော်လင့်ချက်များစွာ
ဒီနှစ်မှ နောက်နှစ် များဆီသို့ 
မျှော်လင့်ချက်များစွာ
ပြီးပြည့်စုံပါစေ မွေးနေ့ တောင်းဆု သ၀က်လွှာ
ပို့ သ လိုက်ပါတယ်ရှင်.......။
ပို့ သ လိုက်ပါတယ်ရှင်.......။
PHU
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
♫*♪F♥£Paံ¥♪*♫ ~ဖိုးပြည့် ~
ဤရက်ဤအချိန်သည်
သူငယ်ချင်း နေလင်းဖြိုး၏ မွေးနေ့မင်္ဂလာ
ရက်မြတ်ဖြစ်၍နေလေပြီ
ထိုသောအခါ ရင်တွင်းစိတ်ထား
ဝါဂွမ်းလိုသာ ဖြူအောင်ထားပါ
သူငယ်ချင်း ရေ..
သင့်ရဲ့မွေးနေ့ထို တစ်နေ့ကို
တောက်ပရောင် လွင်ထာဝစဉ်
စိတ်ထားရွင်ဖို့ ချစ်သူငယ်ချင်း
ချိုလွင်ဆုတောင်း တေးခညောင်း
သွယ်ပျောင်းနူးညွတ်၊ မေတ္တာလွှတ်
ချွေခဲ့စေတမန်၊ ချစ်တေးသံဖြင့်
လိုအင်ဆန္ဒ ကိစ္စ၀ ၀ချောမွေ့စေရာ
သက်ဆုံးတိုင် ပြည့်စုံနိုင်ဖို့
သူငယ်ချင်းမွေးနေ့ လေးအတွက်
ဆုတောင်းပေးပါကြောင်း
မွေးနေ့ မှ တိုင်း နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင်
ပျော်ရွှင်ခြင်း
သာ ယာခြင်း
ကြည်နူးခြင်း များနှင်အတူ
ဘဝကို ဖြောင့် ဖြူးစွာ လှမ်လျောက် နိုင်ပါစေ..။
ခင်မင်စွာ ဖြင့် ဖိုးပြည့်
ခင်မင်စွာ ဖြင့် ဖိုးပြည့်
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အိစပယ်ကဗျာရဲ့ မွေးနေ့ ဆုတောင်းကဗျာ
စိတ်ဧ။်ချမ်းသာခြင်း
ကိုယ်ဧ။် ကျန်းမာခြင်းနှင့်
ပြည့်စုံ ပါစေကြောင်း.
ချစ်ခင်မှု အပြည့်အ၀နှင့်
တောင်းဆုမေတ္တာ ပို့ သလိုက်ပါတယ်။
ယနေ့ မှစ၍
နောင်နှစ်ပေါင်းများစွာတိုင်အောင်
လောကကို အကျိုးပြုနိုင်တဲ့
အများကောင်းကျိုး သယ်ပိုးနိုင်တဲ့
သားကောင်းရတနာ တစ်ယောက်ဖြစ်ပါစေ
ကောင်းကင်ထက်မှာ
ကိုယ်ပိုင် အလင်းရောင်နဲ့ 
ထွန်းလင်းနေတဲ့
ကြယ်စင် တစ်စင်းလို
အမြဲထာဝရ တောက်ပနိုင်ပါစေလို့ 
"အမေ့သား နေလင်းဖြိုး"
ထပ်ဆင့်ဆန္ဒပြု ဆုတောင်းပေးရင်း
အသက် (၁၂၀) ရှည်စေသောဝ်။
ခင်တဲ့ သူငယ်ချင်း
အိစပယ်
XXXXXXXXXXXXXXXXXXXXXXXxxxxxxxxxxxxxXXXXXXxxxxxXXXXXXXXXXXXXXXxxxxxxxxxx
ဦးတိုက် ဒီရေလှိုင်း မွေးနေ့ ဆုတောင်း
ခင်တဲ့ သူငယ်ချင်း
အိစပယ်
XXXXXXXXXXXXXXXXXXXXXXXxxxxxxxxxxxxxXXXXXXxxxxxXXXXXXXXXXXXXXXxxxxxxxxxx
ဦးတိုက် ဒီရေလှိုင်း မွေးနေ့ ဆုတောင်း
ဒီဇင်ဘာနှင်းဖွဲဖွဲတွေ
မစဲပဲကျ ဆင်းတဲ့တစ်နေ့
မေမေ့ရင်ခွင်ထဲကနေ
အူဝဲ အူဝဲ နဲ့ လူထဲကိုရောက် လာ
အော် မိဘများက အပူတွေစဲ
အေးချမ်းမှုနှင်းခဲတွေနဲ့
သူတို့ရဲရင်ဘတ်ထဲ မှာတိုး
အော် နေလင်းဖြိုးတစ်ယောက်
လောကအောက် ကို
ရောက်လာပြီပေါ့ ။
အမေ့သား
အမေ့ရဲ့အား
အမေ့ရဲ့ အတွေး
အမေ့အတွက်ဆေး
အမေ့ အတွက် ရွှေ
အမေ့အတွက်ရေတစ်ခွက်
အားလုံးဟာ အမေ့အတွက်လို့ သဘောထား
အမေ့သားဆိုတဲ့ နာမည်ကို မှည့်ခေါ်ထားတဲ့
ရာမည သားလေး တစ်ယောက်
ခုတော့  ဟိုးအဝေး မှာရောက်နေပေမဲ့
မေ့မေ့ အကြင်နာတွေနဲ့ နွေးထွေးနေပေါ့
အွန်လိုင်း ဘ၀တစ်တွေ့လမ်းမှာ
သူ့နာမည်က လခြမ်းလေး တဲ့
အလှပန်းလို့ မွှေးတဲ့သူ့စိတ်ထား
မိတ်များအတွက် ကော်ဖီတစ်ခွက်
မပျက်မကွက်ပို့တတ်သူ
ကောင်းကင်မှာ အမည်လေးတစ်မျိုးနဲ့
နေလင်းဖြိုးလို့ ခင်မင်
ဆွေရင်းအရင်းလို ထင်မြင်
အခြေသတင်းမညှိုးတဲ့ ရာမညတိုင်းက
ပကာသနလှိုင်းမရှိ ၊ အထာပြရိုင်းတာ မသိ
ပျော်ရွှင်ရယ်မောခြင်း အတိနဲ့
ကောင်းကင် ရင်ခွင်မှာ ညိတွယ်ခဲ့သူ
သူအသိမှာ
ညီအကိုမောင်နှမ စိတ်ထားနဲ့
တစ်သားထဲဖြစ်
တအားပဲချစ်နေတတ်သူ
ကောင်းကင်ရဲ့ အရာများမှာ
မျှဝေခံစား တတ်သူ
အဖော်အဆွေတွေကို ပျော်စေခဲ့
ညီငယ် နေလင်းဖြိုးရေ
ညီငယ် နေလင်းဖြိုးရေ
အပီတကယ် အခြေသတင်းတိုးလို့
အမျိုးဘာသာ သာသနာ မညှိုးအောင်
ဆောင်ရွက် ၊ ကိုယ့်ဘ၀မှာလည်း
အောင်မြင်ခြင်းတွေဆက်ပါစေ
ကိုယ်လည်းတိုးတက်
လောကလည်းမြင့်တက်အောင်
ဆောင် ရွက်နိုင်ပါစေ
ကိုယ့်မှာ လည်းပြည့်
လိုသူအတွက်လည်းဖြည့်နိုင်ပါစေကြောင်း
သည်မွေးနေ့ဆုတောင်းကဗျာဖြင့်
Tide
Tide
Tide
vvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvv
ကောင်မလေးရဲ့ မွေးနေ့ ဆုတောင်း
ဆောင်းနှင်းဝေသီ ကြယ်စုံစီပြီး
လရောင်လင်းခ အေးချမ်းညဝယ်
ဝင်းပသီလာ ကြယ်တာရာသည်
မွေးဖွားသန့် စင် ထွန်းခဲ့ပြီ
မွေးနေ့မင်္ဂလာ မြတ်ချိန်ခါတွင်
စိတ်ကြည်ချမ်းသာ ကုသိုလ်ဖြာပြီး
ကျေးဇူးမွေးမေ ကျွေးဖေဖေအား
လျှင်စွာကန်တော့ ပူဇော်လေ
မွေးနေ့ချိန်မှ လွန်မြောက်ထသော်
ကြယ်ရောင်လရောင် ဝင်းပဆောင်ပြီး
ကောင်းရာကောင်းကျိုး ပြည့် လျှံဖြိုး၍
မိတ္တဗလ ဂုဏ် သုခနှင့်
ပြီးပြည့်စုံလတ် စိတ်ချမ်းမြတ်ပြီး
ဘဝသက်တိုင် ပျော်ရွှင်စေ
ပျော်ရွှင်ကြည်နူး နိုင်စေရန် စိတ်ရည်သန်လျှက်
ကောင်မလေး
vvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvv
ကောင်မလေးရဲ့ မွေးနေ့ ဆုတောင်း
ဆောင်းနှင်းဝေသီ ကြယ်စုံစီပြီး
လရောင်လင်းခ အေးချမ်းညဝယ်
ဝင်းပသီလာ ကြယ်တာရာသည်
မွေးဖွားသန့် စင် ထွန်းခဲ့ပြီ
မွေးနေ့မင်္ဂလာ မြတ်ချိန်ခါတွင်
စိတ်ကြည်ချမ်းသာ ကုသိုလ်ဖြာပြီး
ကျေးဇူးမွေးမေ ကျွေးဖေဖေအား
လျှင်စွာကန်တော့ ပူဇော်လေ
မွေးနေ့ချိန်မှ လွန်မြောက်ထသော်
ကြယ်ရောင်လရောင် ဝင်းပဆောင်ပြီး
ကောင်းရာကောင်းကျိုး ပြည့် လျှံဖြိုး၍
မိတ္တဗလ ဂုဏ် သုခနှင့်
ပြီးပြည့်စုံလတ် စိတ်ချမ်းမြတ်ပြီး
ဘဝသက်တိုင် ပျော်ရွှင်စေ
ပျော်ရွှင်ကြည်နူး နိုင်စေရန် စိတ်ရည်သန်လျှက်
ကောင်မလေး
မွေးနေ့ ရှင်
အမေ့သားနေလင်းဖြိုး
တစ်ယောက် ဒီမွေးနေ့ မှစပြီး အန္တရာယ်အပေါင်း ကင်းဝေးပြီး
လိုအင်ဆန္ဒ ပြည့်ဝပါစေလို့  " အနာဂတ်ကောင်းကင် "
မိသားစု ညီအကို မောင်နှမများမှာ ဆုတောင်းပေးလိုက်ပါတယ်... မွေးနေ့ ရှင်
““အမေ့သားနေလင်းဖြိုး””
ရဲ့ အိမ်ကလေးမှာ သွားရောက်လည်ပတ်ရင်း
မွေးနေ့ အတွက် ဆုတောင်း လက်ဆောင်ပေးချင်တယ်ဆိုရင်
ရဲ့အိမ်လေးကို
သွားရောက်ပြီးပေးရင်းနဲ့ လည်ပတ်နိုင်ပါတယ်
ခင်မင်စွာဖြင့်
" အနာဂတ်ကောင်းကင် "
မိသားစု ညီအကိုမောင်နှမများ
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး