ဖတ်ချင်တာဒီကအလွယ်ရှာပါ

Wednesday, July 4, 2012

ဒီစိတ်ထားချစ်သူမြင်ပါစေ.........


အစွယ်ညွှန်ပြသူမဖြစ်ချင်ပေမဲ့ လည်း
မှတ်သားစရာအရိပ်တော့ပြချင်တယ်
ဘယ်သူလာလှုပ်နှိုးနေပါလိမ့်နော်....
ငါ့ရင်လိုင်းပုတ်သံကိုငါနားထောင်မိလိုက်တယ်
ဘယ်သူပြောလည်းအဖြူစက္ကူကိုဆွဲဖြဲဖို့ ရန်
ဘာပဲဖြစ်ဖြစ်...ရနံ့ ရိုင်းတဲ့ပန်းကိုငါနမ်းဖူးပါတယ်
ခေါ်မထားလိုက်ပေမဲ့ လမ်းကြိုက်တဲ့ ပျိုကညာကတော့ 
ငါ့နှလုံးကိုလမ်းခင်းပြီးခရီးဆက်နေလေရဲ့ လှည့်မငေးခဲ့ဘူး..။။
ဒီတစ်ညမှာတော့ .........
လမင်းနဲ့ ကောင်းကင်အောက်....
ရင်ခုန်သံနှစ်ခုကိုယှဉ်..ဖွဖွသိပ်ကြွေတဲ့ဒဏ်ရာ
ခရမ်းရောင်ချစ်သူ....မြင်နှိုင်ပါ့မလားလေ....။။
ကယ်...ချစ်သူရေ....
မျက်ဝန်းကိုမှိတ်ထားပါလျက်နဲ့ 
နာကြင်မှု့ ကိုတွေးမိတဲ့အခါတော့
ချစ်သူကိုသတိပြန်ရလိုက်ပါရဲ့ကွယ်..။။
စိတ်ထားကိုညွှန်ပြရမယ်ဆိုရင်တော့
နေသာတဲ့မြေပြင်ပေါ်မှာ
ငွေအုပ်ငေး...အပြုံးမပျက်တဲ့ချစ်သူရေ
ဖြေသာစရာသင်ခန်းစာအတွက်တော့
မမေ့အပ်ကျေးဇူးတက်လျက်ကိုပြောရင်း
ကြုံရာဘ၀မှာ..နင်ပျော်ပါစေတော့လေ...။။။
                       m.s.နေ၀န်းခန့်(ခေါ်)နေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 