ယိုင်နဲ့နဲ့ကမ်းပါးတွေတောင်...ပင်လယ်ကိုမုန်းနေကြပြီလား
ဘယ်လိုနေပါစေ...ငါ့ရင်မှာ...မုန်းကျန်ရစ်သူတွေ ရှိတယ်
ရင်ကိုနင့်စေလောက်တဲ့ ..ဘ၀ရဲ့ခါးခြင်းတွေကလက်ယက်ခေါ်နေပြီ
အမှန်တွေခင်းပြမရတဲ့ကြမ်းပြင်ပေါ်..အမှားတွေခင်းကျဲရင်းနဲ့ သာ
သန်းခေါင်ယံတွေကိုများများလာစေခဲ့ မိပြီ...နေပါစေ..ချစ်တာကိုး..။။
မက်မောစရာကောင်းတဲ့ မြန်မာပြည်မှာ
ပြင်းထန်သောယုံကြည်ချက်တွေအတွက်
အတ္တရဲ့ရေစီးကြောင်းတွေကိုလှန်ကြည့်တော့ 
မနေ့ကလောက်အထိတော့အရသာမတွေ့ခဲ့ဘူး
ငါ့နှလုံးသားအတွင်းကမြန်မာလိုချစ်ခြင်းအတွက်
ဦးနှောက်ကိုအရေးပေးတဲ့သမိုင်းဘာသာရှင်ရေ
တံတိုင်းတွေပဲတည်ဆောက်နေတော့မှာလားလေ..။။
မနက်ဖြန်တွက်လား...ဘ၀နဲ့ရင်းတဲ့ ဇတ်ကိုခုံမင်နေတာ
အနာဂတ်အတွက်လား...ခန္ဓာကိုယ်ကိုရင်းချင်နေတာ
ဘာပဲဖြစ်ဖြစ်...ရုပ်လုံးကြွဒဏ်ရာတွေကမျက်ရည်အထပ်ထပ်နဲ့ 
ဘယ်လိုဖြေသိမ့်ရမလဲ...ငါဟာကြီးမြတ်သူမှမဟုတ်တာလေ
နေတက်သောဘ၀မဟုတ်ပေမဲ့ နစ်နေတဲ့ဘ၀ထဲခဲပစ်ချရုံသာသာ
နေပျော်ပါစေတော့လေယားယံလာတဲ့ အာရုံတွေထဲမှာ
ကဗျာဆရာမဟုတ်သေးပေမဲ့ အတိတ်ကအနာတွေအတွက်
အာသာဖြေ လွမ်းတက်ဖို့ ငါ..ဒီကဗျာကိုရေးခဲ့မိတော့တယ်..။။
မနေ့ ကအလင်းတွေကိုစိုက်ပျိုးရင်းနဲ့ 
ဝင်္ကမ္ဘာထဲကချစ်သူကိုလွမ်းရင်းနဲ့ 
ရေငတ်သူများလာတဲ့ လောကဓံမှာ
ညကို အမည်းခြယ်စရာမလိုပေမယ့်
အထီးကျန်ခြင်းကို အပြီးသတ်တိုက်ဖို့ရန်
ငါ့လက်ထဲ အေးစက်နေတဲ့ ကော်ဖီတစ်ခွက်မှာ
စိမ့်သက်သက်ပါဝင်နေတာက...အထီးကျန်ခြင်းပဲလားနော်
ဘာပဲဖြစ်ဖြစ် ပေါက်ထွက်လုမတတ် ခုန်နေတဲ့ရင်နဲ့
စွန့်စားမှုတွေ ဖျားနာနေကြပြီလားငေးရန်အတွက်
ဒီကဗျာကိုဒီအနားမှာခနလေးအဆုံးသက်ခဲ့တော့တယ်..။။။
.....လွမ်းခြင်းများစွာဖြင့် နေလင်းဖြိုး)
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး