အိမ်မက်လို့ပြောရမလား
လက်တွေ့လို့ ခံယူရမလား
သေခြာပါတယ်သူ့မွေးနေ့ လေး
သြော်..မထင်မိတဲ့နေ့တဲ့နော်
သူကတော့ nonoကြားကြားပါပဲ
သူအတိတ်ကိုသူပုံဖော်ခဲ့သူ
ငါကလည်းထရံကြားကငေးကြည့်မိခဲ့
တာရာတွေဝေနေတဲ့ကောင်းကင်တစ်စုံ
မာယာတွေမျိုးမချတဲ့အပင်ငယ်များကြား
( မှန်)
မှန်ဆိုတာက..ကိုယ့်ကိုခဲမှန်တာလည်းဖြစ်နှိုင်တယ်
အမှန်တွေနဲ့တွေ့ဆုံမှု့လည်းဖြစ်နှိုင်တယ်
ဧကန်မုချတွေ့ကြုံသင့်လို့တွေ့ခွင့်ရတာလည်းဇြစ်နှိုင်တယ်
ဒါပေမဲ့ ...ကိုညီလင်းနိုင်မွေးနေ့ဆိုသိခွင့်ရတော့
(မှန်) ငါ့အသံတိတ်ရွတ်ဆိုမိလိုက်တယ်...
နောက်နောင်တွေမသေခြာပေမဲ့ပစ္စပ္ပုန်နာရီစက္ကန့်တွေကြား
ငါ့ရင်ကကိုယ်ညီတစ်ယောက်ဒီမွေးနေ့အချိန်ကိုအစပြုပြီး
ဇာနည်ငှတ်တို့ထက်ဝေဟင်ကိုယှဉ်ကာစေအုံးတော့
ဘ၀အားအင်များကြားရည်မှန်းချက်ချွေးစက်တွေကိုခါရင်း
အတ္တနှင့်အသက်ရှူသံတွေကြားမှာ...ကြားမှာ...ကြားမှာ
ဝိညာဉ်နှင်းမှုန်တစ်စက်၏အိပ်မက် မြင်းခွာသံ
လရောင်ကို...(ဇွဲ)...ခွါသံပေးခြောက်လှန့် နိုင်ပါစေလေ..။
forever be happy ko nyi.
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး