ကယ်....စာလုံးတွေထပ်နေတဲ့မနက်ခင်းရေ
ငါ့ရင်ပေါ်ကိုခုန်ချပြီးမှစော့ကစားနေလိုက်တာ
အပြစ်မဲ့ လမင်းလေးတစ်စင်းလိုဖြူဝင်းလို့ ........
ကယ်...အပြုံးတွေဖွင့်ဖူးနေသောနေ့လည်ခင်းရေ
ငါ့နှလုံးသားကိုဖွဖွသိပ်နင်းချေကောင်းနေလိုက်တာ
ဒီဖြေဆေးအတွက်သင်ကံကောင်းပါစေတစ်သက်လုံး.......
ကယ်....အလွမ်းတွေသင့် နေသောညနေခင်းရေ
တောင်ပံဖြန့်ပျံသန်းနေသောငှက်တွေအတွက်လား
မေတ္တာကိုတန်ဖိုးထားတဲ့ကျားတစ်ကောင်ကတော့
ခက်မျော့မျော့ဒဏ်ရာတွေကိုစမ်းကိုင်နာကြင်နေပေမဲ့ 
ဒီညနေဟာ10000တန်စက္ကူလောက်အရောင်မထင်ခဲ့ ပါဘူးလေ...။။
နေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး