ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, May 15, 2014

.....တီးတိုးတစ်ယောက်တည်း.......




ပြောမထွက်တော့ ခက်
လွမ်းရတဲ့ နေ့ရက်
မင်းကြောင့်ပဲ အသက်ဆက်
အဲ့သလိုနဲ့ .....
ကိုယ့်မာနတွေ မင်းရှေ့မှာ ခ၀ါချ
အရှုံးပေးခဲ့တာကိုတော့ မင်းသိမှာပါ..။

တိုက်ပွဲခေါ်သံတွေကြား
ခေါင်းမော့ ရင်ကော့
ဒိုင်းမကာ လှံမပါတဲ့
မင်းအပြုံးရှေ့မှာ
ဒူးထောက်လဲကျခဲ့တဲ့
သူရဲကောင်း က ငါပါ....။

ထားပါတော့ ....
ဘယ်ပုံ ချစ်တဲ့အကြောင်း
နေ့ရက်တွေ ကြည်နူး
ရှေ့ဆက်ဖို့ စိတ်ကူးခဲ့ရင်း
တီးတိုးတစ်ယောက်တည်း
တစ်ယောက်တည်း
တစ်ယောက်တည်း
တစ်ယောက်တည်း......
တိုင်တည်ရင်းပေါ့…။
နေ၀န်းခန့် 

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 