တစ်ကယ်တော့..ငါဟာ
ကဗျာများရဲ့ ဝိညာဉ်ပါဘဲ.....
ထမင်းကြမ်းခဲခွန့်သော လက် အရိပ်အောက်
မာနနဲ့  ကြီးပြင်းခဲ့သူ မဟုတ်ပေမဲ့ 
မျက်ရည်များကို ……တစ်ခါတစ်လေ
အဖြူရောင်စာမျက်နှာက
သိပါတယ်………သူငယ်ချင်း...။
ခြေချစရာ မရှိသလို..အခက်အခဲ
ကြွေမွနေတဲ့ ကံတရားရဲ့ လက်ဖ၀ါးအောက်
ကြွေလွှင့်ခြင်းရဲ့……ပစ္စုပ္ပန်မှာ
လက်ညိုးထိုး လက်တွေ အဝေး
ညှာတာ ငဲ့ကွက်တက်သူ တစ်ယောက်က
အားကိုး မျှော် ငေးသူကို အားပေးလို့ 
အဲ့ဒါ မင်းပဲ သူငယ်ချင်း...။
ဝေဒနာညကို ကြောခင်း တေးတွေ ဆိုရတာလည်း
ညပေါင်းများစွာအထဲ ကြေကွဲ အပြုံးတွေနှင့်
ရင်ကွဲလို့ ကျခဲ့ရတဲ့ မျက်ရည်တွေ
သူငယ်ချင်း မသိတာတွေရှိပါသေးတယ်..။
ထားပါတော့...........
မိုင်တွေဘယ်လောက်ပဲဝေးပါစေ
တံတိုင်းတွေ ဘယ်လောက်ပဲခြားနေပါစေ
တယောက်တစ်ပြည်
ဝေးလို့ နေရင်လည်း
ငါ့၏အတွေး ဟင်းလင်းပြင်ထဲမှာ
တစ်ယောက်တစ်နေရာနဲ့ အားဖြည့်
ဘယ်တော့မှမမေ့တော့ပါဘူးလေ...။
မိုင်တွေဘယ်လောက်ပဲဝေးပါစေ
တံတိုင်းတွေ ဘယ်လောက်ပဲခြားနေပါစေ
တယောက်တစ်ပြည်
ဝေးလို့ နေရင်လည်း
ငါ့၏အတွေး ဟင်းလင်းပြင်ထဲမှာ
တစ်ယောက်တစ်နေရာနဲ့ အားဖြည့်
ဘယ်တော့မှမမေ့တော့ပါဘူးလေ...။
ကြိုးပျက်နေတဲ့  မဟူရာရောင်မိုးခြိမ်းသံတွေကြား
ပျော်ဝင်အောင် အိပ်စက်နေရပေမဲ့ 
ကျိန်စာသင့်မနက်ခင်းတွေကို
အရူးတယောက်လို ကြောက်ရွှံ
ပြိုမယောင် မိုးတိမ်တွေကိုခြေစုံကန်နေတဲ့ 
လင်းဆွဲငယ် ဘဝကို ငါနာကြည်းလိုက်တာ
ဘယ်မှာလဲအားပေးမှူရဲ့  ပျော်ရွှင်ခြင်း ချိုမြိန်သာယာခြင်း ရဲ့မနက်တေးသံ
ငါ့ရင်ကို အဆမတန်ဝေဒနာပေးပြီး
တွန်းကန်ကြနေချိန်...မင်းတို့အားပေးခဲ့ကြ
တခန်းလုံးပြည့် ဝေဒနာတွေ သိမ်းကျုံးယူငင်ရင်း
မင်းတို့မရောက်ခင် ကမ္ဘာသစ်တခုမှာ
ငါအိပ်စက်ခဲ့ တယ်.......
ကျောချစရာ နေရာ ရင်ခွင်နွေးနွေးလေး ရင်ခွင်အောက်ပေါ့ ....။
ဖြစ်နိုင်မယ်ဆို မျက်ရည်မလွယ်တဲ့ 
လူတယောက်အဖြစ်နဲ့  နေချင်တယ်...။
မွှေးမှတောက်တဲ့ မီးဆိုတာ
သတိထားမိပါပြီ
အတွေးအိပ်မက်တွေကိုဖျောက်လို့
လက်ရှိဘ၀ရဲ့ရှင်သန်ခြင်းကို
အိုးမဲ့အိမ်မဲ့မလုပ်ချင်တော့ပါဘူး.။။
လူနဲ့မလိုက်စွာ
အတ္တတွေကို အမွှမ်းတင်မိတဲ့ငါ
အရိုး အကြောနဲ့ဖွဲ့တည်ထားတဲ့
ခန္ဓာအိုကြီးကို
မိုက်ရိုင်းစွာ ကြမ်းတမ်းပြပြီဆို
ငါ....
သီလနဲ့နီးစပ်အောင် လျှောက်ဖို့ 
လမ်းပြကြယ်....အို..သူငယ်ချင်း..။
ထုံပေပေဖြစ်သွားတာ ဘယ်သူမှမသိလိုက်ပေမဲ့ 
အငိုရှာတဲ့အတိတ်ကို..သတိမရချင်တော့ပါဘူး
အခုလို ...လမ်းဖွင့်ပေးတဲ့မင်းလည်း
ငါနဲ့ထပ်တူ …. ဆက်လက်ပျော်ရွှင်ပါစေ ။
အမေ့သားနေလင်းဖြိုး
No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး