ဖတ်ချင်တာဒီကအလွယ်ရှာပါ

Wednesday, April 3, 2013

အရသာခံ ခံတွင်းတစ်ခုက အမေ့ ကျေးဇူးတွေကို ဒီစာလုံးတွေနဲ့ ဆပ်ပြမယ်..


ကြက်ပေါက် ကလေးတွေက ...အစာမြင်ဖို့ ရန် ဟိုပြေးလိုက် ဒီပြေးလိုက်...ကောင်းကင်ပြင်ပေါ်မှာ တိမ်တိုက်တွေက
ဟိုရွေ့ လိုက် ငြိမ်နေလိုက် .....~~ အဲ့ဒီ ကြားမှာ ဘယ်လိုခေါင်းစဉ်နဲ့မဆိုပေါ့ ကိုယ့်အဝိဇ္ဇာနဲ့ကိုယ်
သိုသိုသိပ်သိပ်ငွေ့လောင်နေကြတုန်း နှလုံးသားမီးတောက်များ နဲ့ အတ္တမီးစများက..
.နေရာရွှေ့  အငှားလိုက်နေကြတုန်းလေ......။
ဘယ်သူ ကမှ တိုက်တွန်းခဲ့တာ မဟုတ်လောက်ဘူး.....
                               အမှောင်မျိုခံထားရတဲ့ ဘဝတွေအတွက်
အမှန်တရားလမ်းမှန်ကို သူ့တို့ ဘဝ သူ့တို့  ခန္ဓာနဲ့ လောင်မြိုက် လင်းစေ မှောင်နေစေ ခဲ့တာဖြစ်တယ်...။
                                       မယုံသူများကြည့်စမ်း.....
ရဲရဲဖွင့်ဆိုပြောနေတဲ့  သတင်းကြေငြာသူက ဘာကိုလိုအပ်လို လိုရာပြောနေပါလိမ့် 
သူမြင်တာသူပြောနေပေမဲ့  ကိုယ်ရွေးတဲ့ လမ်းက မှားနေတာကို မမြင်ကြသေးဘူးလေ...
          အဲ့တော့........
အသိဥာဏ်ထဲကပ်ငြိလာသမျှကို တခုတ်တရစေ့စေ့မြင်နိုင်ဖို့ 
ရန်  ချပြချင်စိတ်ကြောင့် ဒီစာမျက်နှာကို ကျော်ပါရစေ...။
ပေါလော မျောနေတဲ့ ဗေဒါ တွေကိုမြင်နေရတိုင်း အဲ့ချောင်းနံဘေးကအုတ်ဂူတစ်လုံးထဲမှာ
နစ်မြုပ်မှုအား သစ္စာရှိစွာ ဖက်တွယ်နေရစ်သူ အဖေ့ ရဲ့ ဝိညာဉ်ပေါ်
ပင့်ကူတစ်ကောင် အိမ်ဆောက်ရင်း လှိုင်းစီးနေသလို ဖြစ်မှာစိုးရိမ်မိလို့  မပြည့်စုံတဲ့ဘ၀နဲ့ 
ဘ၀ကိုကျော်ဖြတ်စေခဲ့တာများလားလို့  မတွေးချင်တော့ပါဘူးလေ...။
     
ငါ့စိတ်ဝိညာဉ်မှာ ငြိမ်းချမ်းမှုရှိတယ်ဆိုတာကိုတော့အရင်ဦးဆုံး ၀န်ခံပါရစေ...
ဒီလိုအကြာကြီး စောင့်ရတဲ့ အချိန်တွေအတွက် 

ငါ ဖြတ်သန်းခဲ့ရတဲ့...စာမျက်နှာများ ´´ငါလက်ရှိ ပြေးနေရတဲ့လမ်းမများ.....

ရင်အုပ်နှစ်ခုလုံးကို ပေါင်းကြည့်ချင်ခဲ့တဲ့ သန်းခေါင်းယံညများက ပိုနေမယ်ထင်တယ်.....။
တစ်ကယ်တော့ ငါဟာ လွဲချော်ခြင်း ခေါင်းစဉ်အောက်မှာ ကြီးပြင်းဖို့ ပဲ
မွေးဖွားလာသလားလို့ ဘေးလူမြင်တာအပြစ်မဟုတ်ပါဘူး........
အဲ့အိပ်မက်ည များ အဲ့ခြောက်ကပ်ကပ် နေ့ လည် မဟုတ်
ညနေ မဟုတ် ကြားထဲကျနေတဲ့ အက္ခရာ တစ်မျိုးနဲ့ နာရီ 
စက်ဝိုင်းထဲမှာ ငါ့ကို   ပြေးဆိုတဲ့ မိန့် ခွန်းသံ တွေပေးနေတုန်းပဲလေ...။
ဒါပေမဲ့  စီးဝင်နေတဲ့ နေရောင်အလင်းစလေးကို ငေးကြည့်ခွင့်ရတိုင်းတော့ 
ငါ့ဘ၀ရဲ့ ကြေးမှုံ မျက်နှာတွေ.....အလိုလိုကြည်လင်လာသလိုပဲ ...
မကြာပါဘူး
မိသားစု ထမင်းဝိုင်း အနား ငါရောက်ခဲ့သောအချိန်မှာတော့ ဇောချွေးပြန်နေရတာက...
ထမင်းကြောင့်လဲ မဟုတ်...
ဟင်းပူပူတွေကြောင့်လဲမဟုတ် ပါဘူး..မပြည့်စုံသေးတဲ့  နေ့ ရက်တွေကို ကိုင်လှုပ်ဖို့  
ကိုင်လှုပ်နိုင်ဖို့ ရန် အတွက်
အမိုးမလုံ သေးတဲ့ ခေါင်မိုးကိုငေး ဖင်ချထိုင်နေရတဲ့  ၀ါးကြမ်းခင်းကျဲကျဲတွေပေါ်မှာ
အမေနဲ့ မောင်နှတွေ ဘယ်ပုံနေနေကြပါလိမ့်နော်.....
အဲ့သလိုတွေးမိလိုက်ချိန် အပြင်လောက...တစ်ခြားသောကျေးဇူးရှင်ဟု
ငါပေးထားဆဲ နာမည်များနှင့်လူတွေကြား ငါနေပျော်ေ
အာင်နေနေပေမဲ့  ငါကျောချ ဖြစ်သလိုနေနေပေမဲ့  ဖြစ်သလိုပဲ
စေရာနေ စေရာသွား ပေးရာစား ချေးမများပဲရုန်းကန် 
လိုရာပညာတွေအတွက်... အဲ့သလိုပေးဆပ်နေရတဲ့  နေ့ တွေ...

လတွေ...နှစ်တွေက...အော် ...ငါ့အတွက်ကြာနေလိုက်ပုံများနော်....အမေ့အ၇ိပ်ထမင်းဝိုင်းလေးများ..ဘယ်ပုံရှိနေမလဲ
တွေးရက်တွေထဲမှာတစ်ခါ..တစ်လေများ ပါခဲ့လေသလား...(ဘယ်ပုံတွေးတွေး..အခြားအရာတွေနဲ့ 
အမေ့အတွက် ဆုတောင်းတွေကလွဲရင် အမိုးမလုံတာလည်း မတွေးမိခဲ့ဘူး)
.ကြမ်းကျဲကျဲတွေပေါ် ကျောချ မအိပ်ခင်...
နယ်မြေတစ်ခုက ငါ့သားလေးတွေ နေမှကောင်းရဲ့လားတွေးပြီးဘုရားရှေ့  
ထိုင် ဆုခြွေပြီးမှ အိပ်နေတဲ့ မိခင်ကော ဘယ်ပုံနေမလဲ
တွေးနေခဲ့ပေမဲ့  မမြင်ရတဲ့နယ်မြို့ တွေကိုကျော်ပြီးကြည့်ခဲ့ပေမဲ့  
အခုလို  ခနတာပြန်လာတဲ့ အချိန်မှာ မြင်ရတာများ
ကိုယ့်ဘ၀ကို ခါးသည်းမုန်းမိလိုက်တယ်...```အဲ့တာမှားမလား...အတွေးလွဲတာပြောချင်ပြောကြပါစေ...ခံရဖူးသူ ..
ကြုံရဖူးတဲ့ နှလုံးသားက ငါ့ကိုစာနာပေးလိမ့်မယ်.....ထင်တယ်..။
  ***အထက်တန်းအိပ်စင် မှာမှ ထားချင်နေခဲ့ တာမဟုတ်ပါဘူး  လူတန်းစေ့ 
ဘ၀လောက်ပဲ ငါတမ်းတ မိတာပါ..
အဲ့တာ .....ငါ့အတွက် မဟုတ်ဘူး  ....အမေနဲ့ ညီအစ်ကိုမောင်နှမတွေအတွက်.....***
 သို့သော်....
***(.......အမေလက်တွေက အိပ်တန်းနှင့်ဝေးကွာနေတဲ့သားအတွက်..ဟင်းလျာကိုခပ်ထည့်ပေးနေရင်းနဲ့ ...
၀၀စား....သား.....စားပြီးရင်.ခနအိပ်...အပြင်မသွားနဲ့ 
ဦး...နေက ဘယ်လောက်ပူနေလည်းကြည့်..တဲ့ )***
ဒါပေမဲ့ မိခင်ကြီးကတော့ ငါ့ သားသမီးတွေကို လွတ်လပ်မူ့ ကို 
မချုပ်ချယ်ခဲ့ ဘူး ၊ စည်းကမ်းတွေ မတင်းကျက်ခဲ့ ဘူး ၊
ငါ့ သားသမီးတွေ လွတ်လွတ်လပ်လပ်နေပါစေဆိုပီး အမှားတွေကို ပြင်ပေး ၊
လမ်းလွှဲ တွေ မရောက်အောင်သာ သဘောတရားနဲ့ အုပ်ထိန်းပဲ့ကိုင်ပေးတာပေါ့ ။
ဒီလိုနဲ့ မိခင်က လွတ်လပ်မူ့ နဲ့ ထိန်းသိမ်းလေတော့ မိခင်  
 စေတနာတွေ ၊ အဓိက လိုရင်းကို ငါတို့ နားမလည်ခဲ့ကြဘူးနော်....
...စိတ်ထဲဖြစ်လာတဲ့အတိုင်းပြောရရင် ..ကောင်းကင်ကြည့်ပီး ကြယ်ကလေးတွေရေတွက်ရတာ ငါပျော်တယ်...
ဘာလို့လည်းဆိုတော့ ....ငါဖြတ်သန်းနေရတဲ့ လောကအလည်ထဲက လမ်းမများနှင့် 
ငါကြုံ တွေ့ နေရတဲ့  လေကြမ်းတွေ မုန်တိုင်းတွေအောက် သိပ်မြင့်တဲ့တော တောင်တွေပေါ်က
ဒလိမ့်ခေါက်ကွေးပြုတ်ကျတဲ့အခါတိုင်း စိတ်ကူးတွေနဲ့  အဲဒီကြယ်လေးတွေကို ခိုဆွဲထားနေကြမို့လေ..။
ကြိုးစားမှု တစ်ခုနောက်ကွယ်မှာ အောင်မြင်မှု က 
အသင့်စောင့်ကြိုနေပါတယ်လို့ ငါရေးပြီး စိတ်ဓာတ်ကျနေသူတွေကို
ချော့တေးသီခဲ့ ပေမဲ့ ...ငါ့အတွက် ဘယ်သူမှ...ဗီရိုထဲမှာ 
စိတ်ဖြေစရာ ဂန္ထ၀င်တွေရှိတယ်လို့ လမ်းမပြခဲ့ကြဘူး..
 ထားပါတော့လေ....လိုအပ်မှအထုပ်လာဖြေ..
အကူညီတောင်းတက်သူတွေကို ရှေ့တန်းတင်နေတာမဟုတ်ပေမဲ့ ......
                 ○ နှလုံးသားမိန့် ခွန်း သ၀ဏ်လွှာ ○
လက္ခဏာ၊ ရာမတို့ရဲ့ ကြင်နာမှုကိုမြင်ပြီး...သံဝေဂတရား ရ
ညီနောင်ချင်းအမြဲတစေသတ်ပုတ်နေရတဲ့
ဟာနုမာဆိုတဲ့မျောက် သူတော် တစ်ဦးလို
မျက်ရည် ကျ မပြချင်ပေမဲ့ .......
ငါ သွားနေတာက...
နတ်ဆိုးတွေ...အစွမ်းနဲ့မေ၇ာက်နိုင်တဲ့အရပ်ဆီ....။
အမေက ငါ့သားခေါ်လိုက်တိုင်း..အဲ့ ဒီအသံလေးတွေကို
ပလတ်စတစ်လောင်းပြီး နှလုံးသားနံရံမှာ ချိတ်ထားရမိလို့ 
စိတ်ဓာတ်ကျ အိပ်မက်တွေလမ်းပျောက်တဲ့ညတိုင်း
အပြုံးတစ်ချို့ နဲ့  သွေးဆောင်နေကြတဲ့ 
ငါ့ဆံပင်ရှည်ရှည် နောက်ကွယ်က
မမြင်ရတဲ့ငါးတွေ လှမ်းလှမ်းဖမ်းရတာ ငါပျော်နေမိတယ်..။

လက်မဲ့ခြေဗလာနဲ့ လူတွေကြားက ဖြတ်သွားမိတိုင်း
မျှော်လင့်ချက်ကို အသက်သွင်းပေးနေတက်တဲ့ 
အမေ့ရဲ့ အသံလေးတွေကို နှလုံးသားမှတစ်ဆင့် 
ကော်ပီးယူပီး ခိုးခိုးနားထောင် အားဖြည့်ခဲ့ရတယ်...။
ငှားနေတဲ့အခန်းမှာ ထပ်ခိုးလေးရှိလားမေးတဲ့သူငယ်ချင်း
ငါက အမေ့မေတ္တာအောက်က ကိုယ်ပိုင်အိမ်မှာနေတာပါပြောတိုင်း
ဟုတ်လားမေးတက်တာ သူ့ ဓလေ့ လေ....။
ဝတ်မှုန်ကူးချင်နေကြတာ.....အကိုင်းဖြတ်ချင်နေကြတာ
ခြေလှမ်းကျဲချင်နေကြတာ .....အရိပ်ဖြိုချင်နေကြတဲ့ ကြား
မောက်မာဝင့်ကြွားသော...အဖော်အပေါင်းတွေလဲရှိပေမဲ့ 
စိတ်ခွန်အားပေးနေတဲ့ ဘော်ဒါတွေ ကြောင့်
လှပတဲ့ပန်းချီကားတွေ ဖြစ်လာဖူးတာတွေထဲ
 ကြယ်တွေကြွေကျ သွားတာကိုငေး
တစ်စိမ့်စိမ့်ကျွံဝင်နေတဲ့
လောက ကံကြမ္မာအလည်မှာရပ်ရင်း
ငါ့ရဲ့နှလုံးသားလေးရေ..တစ်ခါတစ်ရံမို့ 
ကြိုးမစုံတဲ့  ဂစ်တာလေးနဲ့  ညအိုလေးရေ
ငါ့စိတ်ဓာတ်ကို မီးဖိုခွင့်ပြုပါတော့လေ...။
                    အမေ့သားနေလင်းဖြိုး
ပြောချင်တာတော့မဟုတ်ဘူး...
ဒါပေမဲ့ ..အချိန်တွေကုန်ခဲ့တဲ့ရက်တွေထဲမှာ ဒီလိုတွေကြောင့်များလား...
အဓိက လူတစ်ယောက်ရသင့် ရထိုက်တဲ့ အခွင့်ရေး တွေ ရရမယ်။
အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရှိရမယ်။
လူတိုင်းမှာ မျှော်လင့်ချက်ရှိရမယ်။ အသက်ရှင်နေလျှက်နဲ့ သေနေတဲ့လူတွေ အဖြစ်ထက်
အရင်တုန်းက လူတစ်ယောက် သမာအာဇီဝနဲ့ စီးပွါးရှာရင်
မိသားစု ကိုရှာကျွေးနိုင်တယ်။ အခု လူတိုင်းစေ့ အလုပ်လုပ်ရင်တောင် 
ကိုယ့်ကိုကိုယ် ရှာမကျွေးနိုင်တော့ဘူး။
 အခုတော့ လူမသိသူမသိ သေ လူသိသူသိ သေ။ အသက်သေရင် သေ။ မသေရင် ဘဝသေ။
လူမျိုး တစ်မျိုးလုံးကို သတ်ပစ်လိုက်ပီ။ မျိုးဆက်သစ် 
အညွှန့်ကျိုးတာတောင်မဟုတ်ဘူး အမြစ်ပါ မရှိတော့ဘူး။
ဘာဆက်လုပ်ကြမလဲ။ငါတစ်ယောက်တည်းတွေးချင်နေတာမဟုတ်ပေမဲ့ 
ငါ့လိုလူတွေကိုလည်း မြင်စေချင်တယ်
အချိန်ဘယ်လောက် အတွင်းမှာ ဘာဖြစ်ရမယ် ဆိုတာမျိုးလောက်တော့ ရှိသင့်တယ်။
အသက်28နှစ်သာပြည့်လာခဲ့ပေမဲ့ နှစ် ..ကာလဆိုတာ တကယ်လုပ်ရင် အတိုင်းအတာတခုခု ထိတော့ အောင်မြင်သင့်ပါတယ်။
ငါမအောင်မြင်သေးဘူး...မိဘနဲ့မောင်နှမတွေကိုဖြစ်စေချင်သလိုမထားနိုင်သေးဘူး...ငါ့ညံ့ ခဲ့တာပါ....
မတော်တာက..ဘေးအိမ်က.ကလေးမတွေထင်တယ်.....စည်းကမ်းတွေကို မလိုက်နာချင်တဲ့ သားသမီးတွေကတော့ မိခင်ကြီးရင်ခွင်ကို အမျိုးမျိုး ကြံဆောင်ပီး ခြေစုံ ကန်တာပေါ့ .. ။ ဒီထက်ဆိုးတာကတော့ သားသမီးတွေက ဟိုဟာလိုချင် ၊ ဒီဟာလိုချင် နဲ့ 
အမျိုးမျိုး ကိုတောင်း ဆိုနေတော့တာပဲ ။မိဘ ဆိုတာ သားသမီးလိုအင်
အရာအားလုံးကို အတက်နိုင်ဆုံး ၊ အကောင်းဆုံးဖြစ်အောင် သားသမီးတွေ
ဆန္ဒ ထပ်တူကျအောင် ဖြည့်ဆည်းပေးတက်သူလေ.
အဲ့တာကိုအယူမှား ကဲနေကြလိုက်ကြတာ ခေတ်ပေါ်
 တေးသံ ခန်မတွေအတွင်းမှာ ....ဒါတွေမြင်တော့အိမ်နဲ့ဝေးပြီးနေရတဲ့ငါ့ကိုယ်ငါ
စိတ်မကောင်းဖြစ်ရတယ်..အမေလည်းမသိဘူး....အမတွေ....အစ်ကိုတွေလည်းမမြင်ကြဘူး...
ငါ့မှဖွင့်မပြောမိတာလေ...။
ဘာပဲဖြစ်ဖြစ် ငါယုံနေတာက  ဆရာ   (ဒဂုန်တာရာ)ပြောသလိုပဲ........
အနာဂတ်ဟာ
မြင့်မြတ်တောက်ပဖို့ 
သုံးပေ သုံးလက်မပဲ လိုတော့တယ်။
အမှောင်အောက်မှာ


နောက်ကျတဲ့ ခြေထောက်
သစ္စာဖောက်။
နွေဦးပေါက်ရင်
ပန်းတိုင် ရောက်ရမယ်။
မုန်တိုင်းကို အကသင်


လေးညှို့ ကို ငင်ပြီးပြီ
မြားဦးမှာ မရပ်ချင်ပါနဲ့ 
လူငယ်တွေကတော့
ကောက်ရိတ်ပွဲတော်ကိုသွားဖို့ 
နွေဦးကို စောင့်စားနေကြပြီ“..။
အဲ့တစ်နေ့ ကိုရောက်ဖို့ တွေးမိသွားချိန်မှာပဲ
အမေက ငါ့သား  မအိပ်သေးဘူးလား ဆိုသော အသံအောက်မှာ
မျက်ဝန်းကိုမှိတ် ခေါင်းလေးဘေးတစ်စောင်းချလို့ အိပ်စက်မိလိုက်သောအခါ.....
လက်ရှိ....ကြမ်းကျဲကျဲတွေဘယ်ပုံဆွေးနေနေ..အသက်ဝအောင်ရှူ ရှိုက်လိုက်တဲ့
ဝင်ထွက် ထွက်သက် လေသံများနှင့်အတူ
အရာရာဟာ ပကတိ အေးစက်တည်ငြိမ် ပျော့ပြောင်းနေလိုက်တာ
အပူပင်တွေလည်းမဲ့   စိုးရိမ်တာတွေလည်းကင်းလို့ 
မိခင် မေတ္တာများ အဲ့လောက်စွမ်းစေခဲ့တယ်လေ....။
              
ကျွန်တော် နှလုံးသားအတွင်းနက်နက်ထဲမှ ဒဏ်ရာရ စာလုံးကိုယ်ထည်ထဲမှ အခုလို
စာတစ်လုံးထဲကျွံကျသွားပြီး..စကားပြေတစ်ကြောင်းက စာပိုဒ် တစ်ကြောင်းထဲ နစ်ဝင်သွား
ဇတ်လမ်းတစ်ဝက်ကို ပြီးဆုံးချင်ခဲ့..သံသရာကြောင်း ရှည်းလျားခဲ့ပုံများများရေးချပြချင်ပေမဲ့ 
ဆောင်းပါးလေးက ခုလို အသက်ဝင်နိုင်ဖို့ ..ကျွန်တော်ကြိုးစားရးသီဖွဲ့ ရင်း
ဒီစာမျက်နှာပေါ်မှာ ဒီစာလုံးလေးတွေနဲ့ခေတ္တနားခွင့်တောင်းဆိုပါရစေလေ.......။
                     အပိုင်း..၂..မျှော်
   (အမေ့ အသံကို  နားဆင်မိတော့ ခေတ္တနားပါရစေ...အိပ်ချင်လွန်းလို့ ပါ  လေးစားရပါသောမိတ်ဆွေ)
                                                                                  ခင်မင်လေးစားလျက်
                                                                                                                           အမေ့သားနေလင်းဖြိုး .....
coffeecrazy2@gmail.com
ကျွန်တော်၏ ရင်တွင်းခံစားချက်များရှိရာ ဆိုက်လေးသို့  အလည်လာချင်သော မိတ်ဆွေးများအတွက်
                                          ဒီလေးကိုနှိပ်ပြီးကြွလှမ်းခဲ့ပါရန်

1 comment:

  1. လက်မဲ့ခြေဗလာနဲ့ လူတွေကြားက ဖြတ်သွားမိတိုင်း
    မျှော်လင့်ချက်ကို အသက်သွင်းပေးနေတက်တဲ့ 
    အမေ့ရဲ့ အသံလေးတွေကို နှလုံးသားမှတစ်ဆင့် 
    ကော်ပီးယူပီး ခိုးခိုးနားထောင် အားဖြည့်ခဲ့ရတယ်...။

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 