အနာဂတ်ကောင်းကင် စုပေါင်းမဟာဘုံကထိန်နိုးဆော်လွှာ
အနာဂတ်ကောင်းကင်သူ၊ကောင်းကင်သားများမင်္ဂလာပါလို့ဦးစွာပထမနူတ်ခွန်းဆက်သအပ်ပါသည်။ကျွန်တော်တို့အနာဂတ်ကောင်းကင်လေးဟာရပ်တည်လာခဲ့တာ၁နှစ်၈လနဲ့၁၈ရက်တိုင်အောင်ရှိခဲ့ပါပြီး။
အခက်အခဲတွေ၊ဝေဖန်မူတွေ၊မအားလပ်မူတွေကြားကနေကျွန်တော်တို့ရဲ့အဓိကလုပ်ဆောင်ချက်ဖြစ်တဲ့
ပရဟိတလုပ်ငန်းကလည်းပြီးခဲ့တဲ့သွေးလှူပွဲအပါအဝင်(၈)ကြိမ်ရှိခဲ့ပါပြီး။ကျွန်တော်တို့လက်ရှိဘဝရဲ့ရှင်သန်
နေတဲ့အချိန်လေးအတွင်းမှာကျွန်တော်တို့တက်နိုင်သမျှ၊လုပ်ဆောင်နိုင်သမျှ၊မိမိတို့နီးစပ်ရာမှာ
ကုသိုလ်မျိုးစေ့လေးတွေချပြီးအများအတွက်ကောင်းကျိုးတွေဆောင်ရွက်နိုင်ဖို့အနာဂတ်ကောင်းကင်အဖွဲ့သားများက
ပရဟိတလုပ်ဆောင်ချက်(၉)အဖြစ်ရန်ကုန်တိုင်းသန်လျင်မြို့ နယ်၊ကျောက်ရေတွင်းကျေးရွာ၊
ဆုတောင်းပြည့်ဘုန်းကြီးကျောင်း(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ)၌အနာဂတ်ကောင်းကင်
စုပေါင်းမဟာဘုံကထိန်နဲ့ပဒေသာပင်လှူဒါန်းမည်ဖြစ်ပါသည်။အဆိုပါကျောင်း၌သံဃာအပါး(၈၀)၊
၇ှင်သာမဏေ(၁၈၀)၊မိဘမဲ့ ကလေး(၅၀၀)ကျော်ရှိပါသည်။အလှူရေစက်လက်မနှေးကြတဲ့ကျွန်တော်
တို့အနာဂတ်ကောင်းကင်သူ၊ကောင်းကင်သားများအနေနဲ့သင်္ကန်း၊ထီး၊ဖိနပ်၊ရေစစ်စတဲ့လှူဖွယ်ပစ္စည်းများအပြင်
လှူဒါန်းဖွယ်ငွေများကိုလည်းအတူတကွပါဝင်ထည့်ဆောင်နိုင်ပါရန်နိဗ္ဗာန်အကျိုးဆော်နိုးဆော်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းနိုင်သောနေရာ။
။ရန်ကုန်
ဒုန့်(D0n't) - 0949577772
ဆရာဘွတ် -0943176182
ချစ်ပန်းခိုင် - 0949311705
ကဗျာလုလင်(kabyarlulin@gmail.com)
လင်းသက်(www.uandme4ever.yt@gmail.com)
အလှူ မင်္ဂလာ နေ့ရက် - ၁၃၇၄ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ဗုဒ္ဓဟူး နေ့
(၂၈.၁၁.၂၀၁၂)
အချိန် - နံနက် ၁၀ နာရီ
နေရာ - ရန်ကုန်တိုင်းသန်လျင်မြို့ နယ်၊ကျောက်ရေတွင်းကျေးရွာ
အချိန် - နံနက် ၁၀ နာရီ
နေရာ - ရန်ကုန်တိုင်းသန်လျင်မြို့ နယ်၊ကျောက်ရေတွင်းကျေးရွာ
ဆုတောင်းပြည့်ဘုန်းကြီးကျောင်း
(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ )
ကထိန်ပဒေသာပင်ရှိရာစုရပ် - (Starlight Internet Cafe')
ကထိန်ပဒေသာပင်ရှိရာစုရပ် - (Starlight Internet Cafe')
အမှတ် (၂၄)၊ ၈၈လမ်း၊ကန်တော်လေး၊ မင်္ဂလာတောင်ညွန့်
ချစ်ပန်းခိုင် အိမ်မှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာမည်။
မှတ်ချက်။ ။ကထိန် အလှူသို့  လှည့်လည် ပါဝင်လှူဒါန်းလိုက်ပါကြမည့် အစ်ကို၊ အစ်မ ၊ညီငယ် ညီမ ငယ် အနာဂတ်လူငယ် မောင်မယ်လေးများ ဖြူစင် သန့်ရှင်း စည်းလုံးညီညွတ်သော တစ်သွေး၊တစ်သားတည်း ဖြစ်စေသော အပေါ်အင်္ကျီ အရောင် (အဖြူ ရောင် ) ကိုသာအားလုံး ၀တ်ဆင်ခဲ့ ကြပါရန်။
ချစ်ပန်းခိုင် အိမ်မှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာမည်။
မှတ်ချက်။ ။ကထိန် အလှူသို့  လှည့်လည် ပါဝင်လှူဒါန်းလိုက်ပါကြမည့် အစ်ကို၊ အစ်မ ၊ညီငယ် ညီမ ငယ် အနာဂတ်လူငယ် မောင်မယ်လေးများ ဖြူစင် သန့်ရှင်း စည်းလုံးညီညွတ်သော တစ်သွေး၊တစ်သားတည်း ဖြစ်စေသော အပေါ်အင်္ကျီ အရောင် (အဖြူ ရောင် ) ကိုသာအားလုံး ၀တ်ဆင်ခဲ့ ကြပါရန်။
သီတင်းကျွတ်ပြီးသွားပြီဆိုတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်
နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့
ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာဖြစ်ပါတယ်။ ဘုရားဝိနည်းတော်
သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း
လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ
ကာလအဖြစ်မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို
ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာဖြစ်ပါတယ်။ ကထိန်ပွဲတွေ
လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင်
လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး
ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ
နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက
သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊
ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ
ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့
သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့
ဒီပို့စ်လေးကိုမျှဝေလိုက်ပါတယ်။
ကထိန်ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင်
သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့
အချိန်တုန်းကဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊
တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော်
အပါးသုံးဆယ်ဟာမြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ
သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ
မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ
ဝါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ
ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို
မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။
ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ
မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့
ဓုတင်ဆောင်နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။
ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ
ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား
ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း
လျှောက်ပြပါတယ်။
ဒီလို
ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က
“ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊
ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို
မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော
သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း
အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော
ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော
ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို
ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့
အစပဲ ဖြစ်ပါတယ်။
ကထိန်ဆိုတာ
ကထိန်ဆိုတာ
ကထိနဆိုတဲ့ ပါဠိစကားကိုမြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက်
ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊
မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော်
(၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ်
ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို
အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ
ဝိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့
ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ
ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ
အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း
ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။
ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊
ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို
လူအတော်များများပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက
ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာဖြစ်ပါတယ်။ လူတွေက
ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း
အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့
အလုပ်ပဲဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့
ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့်
ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး
သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ
ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို
အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို
ခင်းရပါတယ်။
ခင်းတယ်ဆိုတာ
သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊
အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို
ဝိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့
အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို
အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင်
ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး
မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့
အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ
ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်
ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့
ဆိုခြင်းဖြစ်ပါတယ်။
ပြီးတော့
ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။
ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။
မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။
ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး
တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့
တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ
လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ
ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့
အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။
ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ
ဝိနည်းကြောင်းအရ
ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း
ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ
ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင်
နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး
ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။
အကြောင်းစုံမှ ခင်းလို့ရ
ကထိန်အလှူဟာ
အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့
သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက်
အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ
မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး
နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ
မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့
ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့
တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က
မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့
သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာဖြစ်ပါတယ်။
အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့
ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က
ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ
ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ
ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ
သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊
တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ
တစ်ကြိမ်ပဲ ခင်းနိုင်တာဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက်
သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း
လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊
ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။
ကထိန်အလှူရဲ့ ထူးခြားမှု
ဘုရားအစရှိတဲ့
အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို
ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း
အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။
ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို
အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ်
တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့်
အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။
ကထိန်အလှူရဲ့ အကျိုးတရား
ဒီအလှူရဲ့
လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင်
ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။
ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့
ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။
လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)
စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ
ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့
အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ
ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ်
ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့
မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော
အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး
ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို
ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ
အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက
ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
ဘုံကထိန် ပွဲတော် အတူနွှဲပျော် ...လှူဒါန်းကြစို့ နော်....
အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး
ကိုယ်လည်းကျန်းမာ စိတ်လည်းရွှင်လန်း ဘ၀ကောင်းကင်ထက်မှာ ကြည်နူးစွာပျံသန်းနိုင်စေကြောင်း
ပဏာမထားလို့  ဂါရ၀တရားနဲ့ဆုမွန်စကားခြွေလိုက်ပါတယ် ။
ဟုတ်ကဲ့ ပါရှင် ......
အခုဆိုရင်
ချစ်ပန်းတို့ အနာဂတ်ကောင်းကင်မိသားစုလေး ရဲ့  ပရဟိတ လုပ်ဆောင်မှုလေးတွေကို
စဉ်တိုက် ဆက်တိုက် ဆိုသလို ကောင်းကင်မိသားစုဝင်တို့ရဲ့ စည်လုံးညီညွတ်မှုတို
့နဲ့အတူ.. ပရဟိတ အလှူ၊ တံတားအလှူ၊ ရေအလှူ၊ သွေးအလှူ အစရှိသဖြင့် ပြုလုပ်ဆောင်ရွက်လာကြတာဖြင့်
(၈) ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်ရှင် ..
အခုလဲ ....ချစ်ပန်းတို့ အနာဂတ် ကောင်းကင် မောင်နှမတတွေ .တစ်လတစ်ခါ တွေ့ဆုံဖြစ်ကြတာမှာ
4.11.2012 ရက်နေ့က ရန်ကုန် မှာ ရှိတဲ့အနာဂတ် ကောင်းကင် မောင်နှမ 10ယောက် တွေ့ဆုံဖြစ်ကြတာမှာ
လာမယ့်တန်ဆောင်မုန်း လအတွက်...တောရွာ ၊မြို့နယ်၊ရပ်ကွက်၊လမ်း၊ ဈေး အစရှိသည်တိုင်းတို့ မှာ
စုပေါင်းမဟာ
ဘုံကထိန် ဆိုတဲ့ ပွဲ တော်ကြီးကိုကျင်းပ သကဲ့ သို့ မိမိတို့  အနာဂတ်
ကောင်းကင် အွန်လိုင်းမိသားစုအနေနဲ့လဲ ပဒေသာပင် တစ်ခုလောက်
သီးပြီးစုပေါင်းမဟာဘုံကထိန် အဖြစ်
ပြုလုပ်နိုင်ကြရင် ကောင်းမှာပဲလို့ စိတ်ကူးရကြတာနဲ့ အားလုံးစိတ်သဘောထားတူညီစွာ
ဆိုဒ် ခေါင်းဆောင် ကိုကြီးနှင့် မောင်နှမ များကို အသိပေးဆွေးနွေးတိုင်ပင်လို့ ရယ်..
တစ်ယောက်က ထီးလှူရင် တစ်ယောက်က ယပ်တောင်၊ ဖိနပ်၊တဘက်၊ သပိတ် ၊ သင်္ကန်း အစရှိသဖြင့်
တစ်ယောက်က ထီးလှူရင် တစ်ယောက်က ယပ်တောင်၊ ဖိနပ်၊တဘက်၊ သပိတ် ၊ သင်္ကန်း အစရှိသဖြင့်
အားလုံးစုပေါင်းလိုက်ရင် ပဒေသာပင် အနည်ဆုံး တစ်ခု လှလှပပ ပြုလုပ်နိုင်လိမ့်မယ်ယုံကြည်မိတာကြောင့်
အဲဒီတွေ့ဆုံပွဲလေးကနေ
ဒုန့် ၊ဆရာဘွတ်၊ ၊အမေ့သားနေလင်းဖြိုး၊ ကဗျာလုလင်
၊ဇော်မင်းအောင်၊ပေါ်ဦးသား ဂျယ်လီ ၊ကိုကို ၊မလင်းသက် ၊ချစ်ပန်းခိုင်
အစရှိတဲ့ ကောင်းကင်မောင်နှမများကကောင်းကင်ထဲမှာရှိကြတဲ့
မိသားစုဝင်အားလုံးရဲ့ ဖြူစင်တဲ့ စေတနာ ၊
ထက်သန်တဲ့သဒ္ဓါတရားတွေကိုယုံကြည်စွာနဲ့ ကောင်းကင်ရဲ့ ပရဟိတဒါန
ပန်းခင်းလေးတစ်ခုအနေနဲ့ ဘုံကထိန် ဆိုတဲ့  ပဒေသာပင်ကြီးကို
ထပ်မံစိုက်ပျိုးဖို့ ညီညွတ်စွာနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
ရေကြီးတဲ့နေရာမှာ မိုးမရွာချင် ၊
ရွှေတ၀င်းဝင်းမှာ ရွှေထပ်မချချင်
မိုးခေါင်တဲ့နေရာမှာ စေတနာမိုးစက်လေးတွေ တက်နိုင်သမျှ ဖျန်းပက်ချင် ၊
ယိုင်နဲ့နေတဲ့ အဆောက်အဦးလေးတွေကို ခိုင်ခန့်စေချင်
တဲ့ ကောင်းကင်မောင်နှမများဟာ
အမှန်တကယ်လိုအပ်တဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ
ကထိနဒါန ဆိုတဲ့ မြင့်မြတ်သော ကထိန်အလှူလေးတစ်ခုကိုပြုလုပ်လှူဒါန်းဖို့ဆုံးဖြတ်ပြီးစုံစမ်းရှာဖွေခဲ့ကြရာမှာ
သန်လျင်မြို့၊ကျောက်ရေတွင်းကျေးရွာ၊ဆုတောင်းပြည့် ဘုန်းကြီးကျောင်း
(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုး ပရဟိတဂေဟာ)ကိုတွေ့ရှိခဲ့ပါတယ် ။ သန်လျင်မြို့၊ကျောက်ရေတွင်းကျေးရွာ၊ဆုတောင်းပြည့် ဘုန်းကြီးကျောင်း
အဲဒီဘုန်းတော် ကြီး ကျောင်းမှာ
သံဃာတော်အပါး(၂၀)၊
ရှင်သာမဏေအပါး(၁၈၀) မိဘမဲ့တိုင်းရင်းသားလူငယ်(၅၀၀)ခန့်ရှိပြီး အမှန်တကယ်
လှူဒါန်းမှုပြုသင့်တဲ့နေရာ ၊ စေတနာမိုးဖျန်းပက်ဖို့ သင့်တဲ့
ဒါနပန်းခင်းနေရာလေးတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။
ရတနာမှာ စိန်
ရာသီမှာ မိန်
မြေမှာသိမ်
သင်္ကန်းမှာ ကထိန်
မြင့်မြတ်ဆုံးသောဒါန ကထိန်အလှူကို ပါဝင်လှူဒါန်းခွင့်ရရှိရုံသာမက
ပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ကြမယ်ဆိုတာကိုလည်း ကြိုတင်မြင်ယောင်မိပါတယ် ။
မိဘမဲ့တိုင်းရင်းသားလူငယ်လေးတွေကိုပါဖြည့်ဆည်းလှူဒါန်းပေးနိုင်တဲ့
အတွက် အလှမှာအယဉ်ဆင့် အမြင့်ဆုံးသော ဒါနပန်းခင်းတစ်ခုကို
လှပစွာစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။
အစဉ်ညီညွတ်သော ၊ အမြဲစည်းလုံးသော ၊ ထာဝရ စေတနာတို့ထက်သန်သော အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးရဲ့ တူညီတဲ့အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဒီစေတနာပန်းခင်းကလေးကို လန်းဆန်းလှပအောင်စိုက်ပျိုးနိုင်မယ်လို့လည်း ချစ်ပန်းခိုင်တို့ယုံကြည်ထားပါတယ် ။
အစဉ်ညီညွတ်သော ၊ အမြဲစည်းလုံးသော ၊ ထာဝရ စေတနာတို့ထက်သန်သော အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးရဲ့ တူညီတဲ့အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဒီစေတနာပန်းခင်းကလေးကို လန်းဆန်းလှပအောင်စိုက်ပျိုးနိုင်မယ်လို့လည်း ချစ်ပန်းခိုင်တို့ယုံကြည်ထားပါတယ် ။
ဒီလို ဘုံကထိန် အလှူဆိုတာလဲ တစ်ခါလှူပြီးရင်
နှစ်စဉ်နှစ်တိုင်း လရာသီ ရောက်တိုင်းမြန်မာ့ရိုးရာ ထုံတမ်းစဉ်လာမပြတ်
ယဉ်ကျေးမှု ဓလေ့ ထုံစံကိုထိန်းသိမ်းရာ ရောက်တဲ့ 
ကုသိုလ်ပြု လုပ်ငန်းလေးတွေကို..ရှေးလူကြီးများမှတဆင့်
အနာဂတ် လူငယ်မောင်မယ်လေးများ
လက်ဆင့်ကမ်း ပြူလုပ်သွားကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဒါနပန်းခင်စိုက်ပျိုးပွဲလေးမှာ အားတက်သရော
ကထိန်ဒါနပန်းခင်းလေးပြုလုပ်မဲ့ အသေးစိတ်အစီအစဉ်ကတော့အောက်ပါလင့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ကထိန်ခင်းဖို့အတွက် လိုအပ်တဲ့ သင်္ကန်း ထီး ၊ ဖိနပ်စတဲ့ ပရိက္ခရာများရဲ့ဈေးနှုန်းကို မောင်နှမ၀င်များ
ကြိုးစားပြီး ကြိုတင်စုံစမ်းခဲ့ကြရာမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
ကထိန် ပဒေသာပင် ပစ္စည်း လှူချင်သူများအတွက်
ပစ္စည်း တန်ဖိုးစာရင်းများ
(ညှပ်သင်္ကန်းကြီး အတွက် တစ်စုံသင်္ကန်းအမျိုးအစား နှစ်ခု )
333 သရီးလိုင်ဖယ် - 26000 ကျပ်
ဂျပန်လီနင် - 28000 ကျပ်
သင်္ကန်း တစ်စုံ - 8500 ကျပ်
ပစ္စည်း တန်ဖိုးစာရင်းများ
(ညှပ်သင်္ကန်းကြီး အတွက် တစ်စုံသင်္ကန်းအမျိုးအစား နှစ်ခု )
333 သရီးလိုင်ဖယ် - 26000 ကျပ်
ဂျပန်လီနင် - 28000 ကျပ်
..............................................................................
သင်္ကန်း တစ်စုံ - 8500 ကျပ်
ထီး တစ်ချောင်း - 2500 ကျပ်
ဖိနပ် တစ်ရံ - 2500 ကျပ်
ယပ် တစ်ချောင်း - 1500 ကျပ်
..............................................................................
..............................................................................
(သင်္ကန်း၊ ထီး၊ဖိနပ်၊ယပ်) ၄ မျိုးပါ အစုံလိုက် တစ်စုံကို -13000 ကျပ်
နေကထိုင်
အပေါ် ခြုံထည် (အကြီး) တစ်ထည် - 2500 ကျပ်
နေကထိုင်
အပေါ် ခြုံထည် (အကြီး) တစ်ထည် - 2500 ကျပ်
ကတ္တီပါ တစ်ထည် - 1500 ကျပ်
စကိတ် အခင်း တစ်ထည် - 2500 ကျပ်
ချည်ခါးပန်းကြိုး တစ်ချောင်း - 1000 ကျပ်
ဆွမ်းသပိတ် (အင်းဝတံဆိပ်) - 7500 ကျပ်
ဒံဆွမ်းခွက် (5 )လုံး တစ်ထုတ် - 1000 ကျပ်
စတီး ဆွမ်းခွက် 5လုံး တစ်ထုတ် - 7500 ကျပ်
မျက်နှာသုပ် တဘက် အကြီး တစ်ထည် - 3000 ကျပ်
မျက်နှာသုပ် တဘက် အသေး တစ်ထည် - 1000 ကျပ်
ချည်ခါးပန်းကြိုး တစ်ချောင်း - 1000 ကျပ်
ဆွမ်းသပိတ် (အင်းဝတံဆိပ်) - 7500 ကျပ်
ဒံဆွမ်းခွက် (5 )လုံး တစ်ထုတ် - 1000 ကျပ်
စတီး ဆွမ်းခွက် 5လုံး တစ်ထုတ် - 7500 ကျပ်
မျက်နှာသုပ် တဘက် အကြီး တစ်ထည် - 3000 ကျပ်
မျက်နှာသုပ် တဘက် အသေး တစ်ထည် - 1000 ကျပ်
ဖော်ပြပါ လှူဖွယ် ပစ္စည်းများမှ မိမိ အလျင်းသင့်ရာ ပစ္စည်းတစ်ခု ကိုလည်းကောင်း
သင်္ကန်း၊ ထီး ဖိနပ်၊ယပ် (၄)မျိုး၊အစုံ လိုက်ကို သော်လည်းကောင် လှူဒါန်းလိုပါက
ဖော်ပြပါ ကထိန်ဖြစ်မြောက်ရေး အကျိုးဆောင်များမှ
နီးစပ်ရာ တစ်ဦးဦးသို့ စာရင်းပေးသွင်း ပါဝင် လှူဒါန်းနိုင်ပါသည်။
ငွေ ပဒေသာပင်အတွက် လှူ ဒါန်းလို သူများလဲ ၀တ္တု အလှူတော်ငွေ လှူဒါန်းနိုင်ပါသည်။
မိမိ နှစ်သက်ရာ တခြား ကျောင်းသုံးပစ္စည်း ပစ္စယများ ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူလှူဒါန်းလို ပါလျှင်လဲ
အလှူပစ္စည်းများကို ကထိန်ဖြစ်မြောက်ရေး အဖွဲ့ ဝင်များသို့ ပေးပို့ လှူဒါန်းနိုင်ပါတယ်ရှင်...
ကထိန်အတွက် ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင် ဟူ၍ပဒေသာပင် နှစ်မျိုး ပြုလုပ်လှူဒါန်းကြပါမည်။
ကထိန်အတွက် ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင် ဟူ၍ပဒေသာပင် နှစ်မျိုး ပြုလုပ်လှူဒါန်းကြပါမည်။
ဒီဒါနပန်းခင်းလေးကို ထက်သန်တဲ့စေတနာသဒ္ဓါတရားနဲ့ လှူဒါန်းလိုကြပါလျှင်ဖြစ် အောက်ပါလိပ်စာများကို
ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ။
ဒုန့်(D0n't) ( 0949577772)
ဆရာဘွတ် ( 0943176182 )
ချစ်ပန်းခိုင် ( 0949311705 )
တစ်ခုပြီး တစ်ခု
ကျော်ဖြတ်လာခဲ့တဲ့ ကောင်းကင်ပရဟိတဒါနအလှူ ခရီးမိုင်တိုင်များဟာ
လှပခန့်ငြားထည်ဝါစွာ မော်ကွန်းတင်ကျန်ရှိခဲ့ပြီဖြစ်ပါတယ် ။ ဆက်လက်ပြီးလည်း
လောကလှစေဖို့ ပရဟိတလမ်းကြောင်းမှာ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးဟာ
တူတူညီညီ ပျော်ပျော်ရွှင်ရွှင်ဆက်လှမ်းကြမှာဖြစ်ပါတယ် ။
ယခုပြုလုပ်မယ့်
(ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် )ကထိန်ဒါနဆိုတဲ့မြတ်သောအလှူ
၊ဒါနပန်းခင်းလေးဟာလည်း ကောင်းကင်ရဲ့ ပရဟိတသမိုင်းမှတ်တမ်းမှာ
ခန့်ငြားထည်ဝယ်စွာ ထင်ကျန်ခဲ့မှာလည်းဖြစ်ပါတယ် ။
ဒီဒါနပန်းခင်းစိုက်ပျိုးတဲ့ပွဲတော်လေးကို
အနာဂတ်ကောင်းကင်မိသားစုဝင်များအားလုံး တက်တတ်ကြွကြွနဲ့ပါဝင်ပြီး
ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ လှပစွာစိုက်ပျိုးနိုင်မယ်လို့လည်း
ယုံကြည်မိရင်း ...........
ဘာသာတရားတွေ ရင့်ကျက်
သဒ္ဓါတရားတွေ မြင့်တက်လာတဲ့
သဒ္ဓါတရားတွေ မြင့်တက်လာတဲ့
ကောင်းကင်မိသားစုဝင်များရဲ့ တစ်ဆင့်အထက်ခြေလှမ်း
ကထိန်ဒါနပန်းခင်းလေးကို အားလုံးညီညာစွာ စိုက်ပျိုးနိုင်ကြဖို့ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးကို နိဗ္ဗာန်ရွှေပြည်တော်ကိုရည်မျှော်လျက်
နှိုးဆော်တိုက်တွန်းရပါတယ်ရှင်။
ကထိန်ဒါနပန်းခင်းလေးကို အားလုံးညီညာစွာ စိုက်ပျိုးနိုင်ကြဖို့ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးကို နိဗ္ဗာန်ရွှေပြည်တော်ကိုရည်မျှော်လျက်
နှိုးဆော်တိုက်တွန်းရပါတယ်ရှင်။
အနာဂတ်ကောင်းကင် ပရဟိတ အွန်လိုင်းမိသားစု တို့ ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်
ပွဲတော်သို့  အနာဂတ်ကောင်းကင်မောင်နှမများ ပျော်ရွှင်စွာပါဝင် လှူဒါန်း ဆင် နွှဲ ပျော်ရွှင်ကြပါစို့ လားရှင်။
ကောင်းကင်မှာ ဖတ်ပြီးသားဆိုပေမဲ့ ကိုနေလင်းဖြိုးရဲ့ဘလော့လေးကို ထပ်မံဖတ်ရှု့ခဲ့ပါတယ်။။။။
ReplyDelete