ဖတ်ချင်တာဒီကအလွယ်ရှာပါ

Friday, October 19, 2012

အလွမ်းကဗျာများ,

မေတ္တာသက်လှယ်
ဖုံးကွယ်မရလို့ ...သွန်ချပြမိတော့
ရင်ခုန်မိတဲ့....ကောင်မလေးရယ်
အိမ်မက်ဆန်တဲ့ ...ဒီညလေးထဲ
နင်သာ..အလှဆုံးပန်းတစ်ပွင့်ပါ..။
ဆုံတွေ့နေရတဲ့ ...အချိန်တွေရှိပေမဲ့ 
ဝေးကွာခြင်းကိုငေးမျှော်....တိတ်တစ်ခိုး
အထီးကျန်နေသူက...ငါပါ..။
ဘာပဲဖြစ်ဖြစ်......ငါဝန်ခံပါတယ်
အဆုံးစမရှိတဲ့....ဒီကောင့်ရင်ခုန်သံတွေ
မင်းတစ်ယောက်ကြောင့်ဖူးပွင့်ခဲ့ပြီ..။
နှင်းငွေ့ ကိုလက်ဖြန်ခံပြီး...ငေးမယ်တွေးတော့ 
ငွေမှုန်ကြဲသလို ကြဲချခဲ့လေတဲ့ ..မင်းအပြုံးကလှတယ်
တစ်ကယ်တော့..ငါလိုကောင်ကြောင့်..မရဲတင်းပါနဲ့ 
နွံအိုင်အလယ်က ....ကြာပန်းလေးဖြစ်မှာစိုးရိမ်လို့ပါကွယ်..။
 သေခြာတာကိုဖော်ပြရရင်တော့........
ငါ့ရင့်ထဲမှာ..လူကြားကောင်းလောက်တဲ့...
အကြောင်းပြချက်....25ရာခိုင်နှုန်းရှိနေပေမဲ့ 
မင်းအတွက်စိုးရိမ်မှု့ ....75ရာခိုင်နှုန်းမက
ငါ့ချစ်ခြင်း..နေ့စွဲတွေ...မင်းမြင်နှိုင်ပါစေတော့လေ..။
နေလင်းဖြိုး

2 comments:

  1. ဖုံးကွယ်မရလို့ ...သွန်ချပြမိတော့
    အချစ်တွေမြင်တွေ့ခဲ့ရတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 