ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, October 9, 2012

ညီမလေးသို့ တမ်းချင်း

(ညီမလေးသို့ တမ်းချင်း♥♥♥2♥♥♥♥ )
အမှန်တိုင်းပြောရရင်တော့ .....
ဒါကနေ၀င်နေထွက်နဲ့မဆိုင်ပါဘူး
အတင်းပြောလေ့ရှိတဲ့....
တစ်စိမ်းတွေကိုလည်းမုန်းတယ်
ကားခနှစ်ခါတောင်းတဲ့....
စပါယ်ယာတွေကိုလည်းဒေါသဖြစ်တယ်...
အမှန်တော့...စကားနုနုနဲ့စိတ်ထားဖော်ပြတဲ့ သူက
ငါ့အတွက်ညီမလေးတစ်ယောက်ဖြစ်ခဲ့တယ်..။။
အမှန်တိုင်းဝင်ခံလို့ မေးစေချင်ပေမဲ့ 
မလိုအပ်လည်းရှင်းပြလိုက်မိတော့တယ်
ရိုးသားမှု့ ကိုအမှောင်က...မမျိုနိုင်ခဲ့ဘုးလေ..။
မှန်ပါ့မလားငါ့အတွေး..တစ်ဖတ်သက်ဆန်ရင်စောရီး
မလိုအပ်တာက...အမုန်းတစ်ခု
လိုချင်တာက...ညီမလေးအသံ
ခင်ခွင့်ရတာက..ကိုယ့်အတွက်ဆုလဒ်
ပြောမထွက်တာတွေတော့ရှိတယ်
သတိရမိတဲ့နေ့ရက်တွေအထဲမှာ
စာလုံးလေးတွေကိုပြန်မြင်ယောင်
လေချင်နေတဲ့..ငါ့စိတ်တွေက
တည်နေရာကို....မြဲမြဲခိုင်စေလို့ ပါလား...။။
  အမှန်တိုင်း..လက်ရှိအချိန်ကိုတိုင်းပြရင်
 ညီမလေး....အပြုံးဖြင့်ငေးနိုင်မလား
ဒါဟာအလွတ်ကျက်ထားတဲ့
ဒိုင်ယာလော့ခ်တွေမဟုတ်ဘူး
ခင်မင်မှု့ အတွက်ထွက်ပေါက်မို့ 
ညီမလေးငေးလို့ ပျော်ပါစေ
ပျော်၇ွှင်ပါစေ..ထာဝရလေ...။။
                                    နေလင်းဖြိုး

2 comments:

  1. ကဗျာလန်းလန်းလေး မျှဝေခံစားခဲ့တယ်ဗျာ ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 