ဖတ်ချင်တာဒီကအလွယ်ရှာပါ

Monday, October 22, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား

အနာဂတ်ကောင်းကင်မိသားဝင်အားလုံး အမုန်းလမ်းဝေး ၊ အပြုံးပန်းမွှေးလို့ နှလုံးချမ်းအေးပါစေကြောင်း
ပဏာမ စကားနဲ့ ဂါရ၀ထားလို့ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်..။
လိုအပ်နေသူတွေကို
ဖေးကူပြီး သွေးလှူဖို့
မနှေးအတူတူ အကောင်းမြင် အသိအလှနဲ့
ကောင်းကင် ပရဟိတ ခရီးမှတ်တိုင်တစ်ခုကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပြီပေါ့ ။

ဖြူစင်သော
ညီညွတ်စည်းလုံးသော
အများအတွက် ပေးဆပ်တတ်သော နှလုံးသားရှိတဲ့ အနာဂတ်ကောင်းကင်က ညီအကို မောင်နှမများရဲ့
ပရဟိတလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ စုပေါင်းသွေးလှူဒါန်းပွဲလေးကို (၂၁-၁၀-၂၀၁၂)ရက် ၊ မင်္ဂလာနံနက်ခင်းမှာ
အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ် ။
ကြိုတင်စီစဉ်ထားတဲ့အတိုင်း စမ်းချောင်းမြေနီကုန်း ရွှေမန်းရုပ်ရှင်ရုံစုရပ်ကနေ ညီညာစွာ စုစည်းကာ (၂၀၄)ဘတ်စ်ကားကို စင်းလုံးငှားပြီး  အမျိုးသားသွေးလှူဘဏ်သို့ နံနက်(၉း၄၅)မိနစ်မှာ ရောက်ရှိကြပါတယ်။
အစစအရာရာ ကြိုတင်စီမံထားတာကြောင့် အမျိုးသားသွေးလှူဘဏ်မှာ သွေးစစ်ခြင်း သွေးလှူဒါန်းခြင်းကို
အဆင်ပြေချောမွေ့စွာ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ် ။  ဒီိလိုမွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းဆောင်ရွက်မှုလေးကို ကောင်းကင်မိသားဝင်အားလုံး မုဒိတာပွားခံစားနိုင်ဖို့ ၊ မောင်နှမတွေ ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်လေးတစ်ခုကို ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုပြီး ထပ်တူထပ်မျှရရှိခံစားကြစေဖို့
တူညီစိတ်လှ ပရဟိတ ပုံရိပ်လွှာများကို မှတ်တမ်းပြုပြီး  ကျွန်မချစ်ပန်းခိုင်က ဖော်ပြပေးလိုက်ပါတယ်ရှင်..။
 သွေးလှူရန်  ခန်းမဆောင် သို့   သွားရောက် စဉ်

ဒါကတော့အောက်တိုဘာ မွေးနေ့ရှင် နှစ်ယောက် ခင်မေခ ၊ခလေးမလေး (ခေး)
ကောင်းကင် မောင်နှမများ   သွေးလှူရန်ခန်းမဆောင်၌ ဖောင် ဖြည့် နေကြပုံ
 အောက်တို ဘာမွေးနေ့ရှင် မအေးအေးသန့်
ဦးဂဒိုး တို့ ဇနီးမောင်နှံမှ လည်း စိတ်အားတတ်ကြွစွာအခုလို .....။

အနာဂတ် ကောင်းကင် သွေးလှူ အင်္ကျီင်္ အမှတ်တရ

သွေးလှူရန် သွေးဖောက် စစ်နေကြ ပုံများ

သတ္တိ ကတော့ နဲတဲ့ သတ္တိ ဟုတ်ဘူးနေမကောင်းရင်တောင်တခါမှဆေးမထိုးဖူးဘူး ..
အပ်နဲ့စွက်ကနဲ ထိုးလိုက်တာ...အားးးးးးးးးးးးးးနာလိုက်ထှာ  :P
သွေးလှူ နေကြစဉ် ပုံရိပ်များ


သွေးလှူပြီး ဒီလို စား သောက် နေခဲ့ကြသေးတယ်

သူတို့ လေးတွေကလဲ အခုလို ပျော်ရွှင်ကြည်နူး ခဲ့ ကြပါတယ်





ကိုကြီး အဒေါ်  အန်တီသင်းနှင့် အမှတ်တရ


သွေးလှူ ပြီး  ခန်းမ ဆောင်၌ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြစဉ်


သွေးလှူဘဏ်ရှေ့ အမှတ်တရ

ကျန်ရှိနေသေးသော အချို့ သောပုံများအား  ထပ်မံ တင်ပေးပါဦးမယ်ရှင်
 လိုင်းအခက် အခဲ ကြောင့် .....အကုန်တင် မရ ပါသဖြင့် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်ရှင် ..
 ကောင်းကင်မောင်နှမများ ကြည်နူးပျော်ရွှင်ကြပါစေ...


ချစ်ပန်းခိုင်

1 comment:

  1. မွန်မြတ်တဲ့ အလှူအတွက်

    သာဓုခေါ်ပါတယ် ညီ ။

    ကောင်းမြတ်တဲ့လမ်းတွေ

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 