ဖတ်ချင်တာဒီကအလွယ်ရှာပါ

Saturday, September 15, 2012

လူတွေကြားကကဗျာများ

(လွင့်လို့ ကြွေသတဲ့ )







မာယာမသုံးပဲပြုံးပြရင်
ဘယ်သူတွေ...လက္ခံမလဲ
တစ်ကယ်တော့..ငါမြင်တယ်
ဘ၀ဟာ...ပန်းတစ်ပွင့်သာသာ
ဓမ္မတေးတစ်ပုဒ်ကိုနားစွင့်ပြီး
ဒီနေ့ ကိုလှုပ်နိုးကြည့်သော်အခါ
မနက်ဖြန်ဟာ...မှုန်ရီေ၀၀ါးလို့ ..။
  ဒီလိုပါပဲ....

ငါ့ရဲ့ ရုပ်ပုံလွှာကောက်ကြောင်းမှာ
ဇရာ ဆိုတဲ့အရာကိုရှာဖွေကြည့်မိတော့ 
ဝေဒနာရလာတဲ့ငါ့နှလုံးသားတစ်စုံဟာ....ငိုမြည်းလို့ 
  အဲ့သလို...နေလာခဲ့ရင်းကနေပဲ
ရသပုံဆောင်ခဲတွေနဲ့ ....ငါ့ အရှေ့ ကိုငါငေး
ခေတ်ရဲ့ဟန်ဆောင်ခြင်းတွေကို .....ငါမုန်းရင်း
သမုဒယတောမှာ .....ငါ့ဆိုတဲ့ကောင်တစ်ယောက်
မှုန်တိမှုန်ဝါး........အသက်အိုလာနေပြီ..။။
                m.s. နေလင်းဖြိုး

3 comments:

  1. အဲ့သလို...နေလာခဲ့ရင်းကနေပဲ
    ရသပုံဆောင်ခဲတွေနဲ့ ....ငါ့ အရှေ့ ကိုငါငေး
    ခေတ်ရဲ့ဟန်ဆောင်ခြင်းတွေကို .....ငါမုန်းရင်း
    သမုဒယတောမှာ .....ငါ့ဆိုတဲ့ကောင်တစ်ယောက်
    မှုန်တိမှုန်ဝါး........အသက်အိုလာနေပြီ..။။

    ReplyDelete
  2. မာယာမသုံးပဲပြုံးပြရင်
    ဘယ်သူတွေ...လက္ခံမလဲ
    တစ်ကယ်တော့..ငါမြင်တယ်
    ဘ၀ဟာ...ပန်းတစ်ပွင့်သာသာ
    ဓမ္မတေးတစ်ပုဒ်ကိုနားစွင့်ပြီး
    ဒီနေ့ ကိုလှုပ်နိုးကြည့်သော်အခါ
    မနက်ဖြန်ဟာ...မှုန်ရီေ၀၀ါးလို့ ..။
    ဒီလိုပါပဲ.-------
    ခံစားလို့ကောင်းတဲ့ စကားလုံးလေးတွေနော်

    ReplyDelete
  3. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 