ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, August 9, 2012

အနာဂတ်ကောင်းကင်၏စိတ်ထား,






Divider Scraps and Graphics
 
(စိတ်ထားမမှောင်တဲ့ ..သူရဲကောင်း)
ကြိုဆိုမှု့ သံ..မေတ္တာသက်ဝင်
ပင်ပန်းသူတို့ ...နားကုန်ကြစေ
စာပေရသ...စုံလင်ကြွယ်ဝ
ငတ်မွတ်သူတို့ ...၀မ်းဖြည့်ကြစေ
ဟာသစုံလင်...ဖန်တီးရုပ်ဖော်
စိတ်နွမ်းသူတို့ ..ပြုံးပျော်ကြစေ...။။
Divider Scraps and Graphics
မာန်မရှိသော...သန္တိသုခ
ဂုဏ်ရသဖြင့် နေ၀န်းပမာ
ထာဝရလင်း...တောက်ပပါစေ
ခေါင်းဆောင်ကောင်းရေ..။။
Divider Scraps and Graphics
ရန်ညှောင်ဆူးကင်း...ကောင်းသတင်းဖြင့် 
အလင်းဖြာဝေ...ရွှေတစ်ခေတ်အား
ဖြစ်ထွန်းတည်ဆောက်...အောင်နှိုင်စေသော်
အပြုံးမပျယ်...ခေါင်းဆောင်ကောင်းရေ...။။
Divider Scraps and Graphics
သူငါဝင်ထွတ်...အရိပ်ကောင်းမို့ 
မိုးပတ်မှာလဲ...မစိုးရိမ်နှင့် 
သူငါပြုံးပျော်...အရိပ်ကောင်းမို့ 
နာကြင်စရာလဲ...မရှာဖွေနှင့် 
သူငါလေ့လာ..အရိပ်ကောင်းမို့ 
ပညာနဲမှာ...တွေးမကြောက်နှင့်...
ဒီအရိပ်က...အံကြိတ်မပြ
ရှာဖွေလေ့လာ...သင်လိုသမျှ
အချိန်ကိုကိုင်...ရှာဖွေပြေးလွှား
မမောလေနှင့် ...အိုသူငယ်ချင်း...။။
                     m.s. နေလင်းဖြိုး♥9.8.2012  ♥♥♥♥♥♥
  Divider Scraps and Graphics
http://api.ning.com/files/WaHBOOEbtoyexGr0oYTtRsjtOSQl7hcRAXACtaVzyHuGiZfFBuPh8eg-CoUzEyIPMwuTPLSsnZqzBfD5aX5OxHlru-k7JgkG/divider_101.gif

1 comment:

  1. အားပေးသွားတယ်။
    ရေးတတ်လိုက်တာ

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 