ဖတ်ချင်တာဒီကအလွယ်ရှာပါ

Tuesday, August 21, 2012

အလွမ်းကဗျာများ,


ကြယ်ပျိုလေးမြင်ပါစေ
လက်ကျန်မှင်ရည်ကြောင့်..ဒီညကိုခပ်သောက်မိခဲ့တာ
အမှောင်မှန်သမျှ....လမင်းရင်ခွင်အတွင်းတွဲလောင်းခိုလို့ 
ထင်မထားတဲ့မြစ်လယ်မှာ...လှော်တံတွေများနေပေမဲ့ 
ချွေးစက်တို့ ခါချနေတုန်း...ရိုးသားမှု့ ကို....ကွပ်မျက်ခံရ
အမှောင်နှစ်သက်သူတစ်ယောက်.....ဒဏ္ဍာရီတဲ့လေ..။
သြော်....
 သွေးနံ့ကြိုက်တဲ့လျှာတစ်ချောင်းကိုမြင်နေပေမဲ့ 
ဝေဒနာကိုမြင်တိုင်း...သူစွန့်ပြစ်နေ့ရက်ကိုမမေ့ခဲ့ဘူး
ကြယ်ပျိုရေ.....
တစ်ကယ်တော့ ...........ငါဟာ
အနစ်နာခံပြုံးပြတက်သူတစ်ယောက်ပါ..။
နှလုံးအိမ်မှာဒဏ်ရာကသွေး............ယိုကျကောင်းနေတုန်း
တိုလီထွာလီအတ္တနှင့်မာနကို..............နှိုင်သလောက်ကိုင်ဆုပ်
ငါ့အရှေ့မှာမောဟိုက်စွာပြေးနေတဲ့.......ကောင်မလေးရေ
အမှောင်လမ်းပေါ်မတက်နှိုင်ခဲ့တာမဟုတ်ပါဘူး...နင်ယုံပါ
ဝေဖန်သံမြန်နေတဲ့လူတွေကြားမှာ...ဂုဏ်..ငွေတွေထက်တော့
ရိုးသားမှု့ ဟာ...အလင်းကမ္ဘာထက်..ကြီးကျယ်စေနှိုင်တယ်..။။
  စိတ်ရင်းအမှန် ......ဆုခြွေခဲ့ပါတယ်
 ခနတာ.....ဆန္ဒတွေ ငြိမ်းမှုတ်ချိန်ဖြစ်ဖြစ်
အမှောင်ထုကြားကတိုးထွက်...နေရောင်ကိုရှာတွေ့ ပါစေ..။။
m.s...naylinphyo

1 comment:

  1. စိတ်ရင်းအမှန် ......ဆုခြွေခဲ့ပါတယ်
    ခနတာ.....ဆန္ဒတွေ ငြိမ်းမှုတ်ချိန်ဖြစ်ဖြစ်
    အမှောင်ထုကြားကတိုးထွက်...နေရောင်ကိုရှာတွေ့ ပါစေ..။။

    ReplyDelete

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 