
ခေတ်ထဲကို တိုးဝင်မိတော့ 
အလဲ အကွဲ..အသည်းကွဲရစေသော
သင်ယူခဲ့သော စာသားများကြားမှာ
ညတစ်ရေးနှိုးလမင်းကိုငေးကြည့်မိတဲ့အခါ
ရာသီတွေရယ်...ပြောင်းလဲသွားပေါ့ 
ဖြူညက်ညက်ညီမလေးရဲ့ ဝါဖျော့ဖျော့အပြုံးလေး
နှစ်တွေကြာလို့ ဝါညစ်ညစ်ဖြစ်မသွားစေရန်
အိပ်မက်တွေအားလုံးမွေးနေ့ မြက်လေးအတွင်းမှာ
အရာရာသစ်စေရမယ်လို့ ငါယုံကြည်မိတယ်
ညီလေးရေ မင်းကြည့်နေတဲ့ ကြယ်တွေနှင့်အတူ
ငါ့ကိုယ်ကျင့်တရားအသွေးအရောင်လေးကိုရောနှော
ညီမလေးရဲ့..ဒီမွေးနေ့မှအစပြုပြီးနောင်နှစ်(၁၀၀)မကဘ၀သည်
နီရာမှပြာ ..ပြာရာမှဝါ...ဝါရာမှဖြူ....ဖြူရာမှဖွေးပါစေတော့လေ..။။။
ဘာပဲဖြစ်ဖြစ်..........
လမ်းသလားနေတဲ့ ငါ့ရာသီဥတုများနှင့် သာပါစေတော့
ဒီကောင်းကင်ရဲ့ အရိပ်အောက်မှာညီအစ်ကိုမောင်နှမများ
ကောင်းကင်ကိုအဖော်ပြုပြီးအော်လို့သာဆုခြွေပါရစေတော့
ကောင်းကင်အတွင်းကကြယ်စင်မယ်..သီလေးတစ်ယောက်
လောကရဲ့  မထိစမ်းနိုင်တဲ့ စိတ္တဇနာမ်လို
မှန်လုံခန်းထဲက ဖက်ရှင်ပစ္စည်းလိုလို
ဘုရားသခင်ချီးမြှင့်တဲ့ ဆုလာဘ်တော်တွေကိုပိုက်
အနာဂတ်ကလဲ စစ်တလင်းတစ်ခုလို
မနက်ဖြန်ရဲ့ပစ္စပ္ပုန်တွေထဲမှာတော့
ရည်ရွယ်ရာဘ၀လမ်းကိုကွယ်
လှမ်းလျှောက်နှိုင်ပါစေ..ထာဝရ
ထာဝရ..ပြုံးနှိုင်ပါစေ..ရည်မှန်းချက်
ထာဝရအောင်မြင်ပါစေတော့လေ
ကျွန်တော့် ကမ္ဘာထက်....အိမ်အပြင်ကိုငေး
သူငယ်ချင်း..သီလေးအတွက်ဒီကဗျာကို
မွေးနေ့အမှတ်တရ..ရေးဖွဲ့ ပေးပါရစေတော့လေ..။။
ကာရံမညီတဲ့နေ့တွေထဲမှာ
ငါ့ဘ၀ကိုငါမငေးခဲ့ပေမဲ့ 
ညီမလေးသီးလေးအတွက်ကဗျာတစ်ပုဒ်တော့ 
လမင်းကိုငေးကာရေးဖွဲ့ ခဲ့လေပြီ....
(forever be happy nyi ma lay)
----
ခင်မင်စွာဖြင့်
အမေ့သားနေလင်းဖြိုး
အမေ့သားနေလင်းဖြိုး
မင်္ဂလာရှိသော 16.3.2012မွေးနေ့လေးသို့

No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး