ကောင်းကင်ကြမ်းပြင်ကိုလက်ထောက်ပြီး
အနာဂတ်မောင်နှမတွေကိုလက်ဆွဲနှုတ်ဆက်
အေးမြတဲ့ အတာရေကိုကိုင်စမ်းကြည့်တော့
ပိတောက်တွေကလက်ကုတ်ခေါ်နေကြ
ပိတောက်ကိုပွင့်စေတဲ့မိုးကိုလက်ကိုင်ပြီး
ဒီနှစ်ကိုငါလက်ဆွဲနှုတ်ဆက်ခဲ့မိတော့တယ်..။။
နေခြည်ကိုငေးကာရယ်
ရွှေရည်ကျံ တဲ့ပိတောက်
တစ်ဝင်းဝင်းလင်းတောက်ပ
လျှမ်းလျှမ်းမောက်မောက်ပွင့်
မြင်ရုံပင်ရေစွတ်ချင်သဖွယ်
ရေပြွတ်ကယ်...ကလေးငယ်ပေါ်
လူလတ်တွေလက်ပေါ်ကဖလား
တန်ခူးလယ်မှာ နေမကျော့အောင်
အပျော်တစ်ပါး..ရေဆော့တဲ့ပွဲ..။
တရားရိပ်လေး အေးမြမြနှင့် 
စိတ်ကလေးလည်းဖြူစင်လှ
နှလုံးမူပြီး စကြန်လျှောက်စဉ်
မြင့်မားအရပ် ရင်အုပ်ကျယ်ကွယ်
သန့်ပြန့်ကျော့ရှင်း ဒီခ၇ီးနယ်
ယောက်ျားပီတ မျက်နှာလှတည်တည်
အိုဘယ့် ယောက်ျား..အတာမင်္ဂလာရက်ဝယ်..။။
အမေ့သား နေလင်းဖြိုး
အေးမြတဲ့ အတာရေကိုကိုင်စမ်းကြည့်တော့
ပိတောက်တွေကလက်ကုတ်ခေါ်နေကြ
ပိတောက်ကိုပွင့်စေတဲ့မိုးကိုလက်ကိုင်ပြီး
ဒီနှစ်ကိုငါလက်ဆွဲနှုတ်ဆက်ခဲ့မိတော့တယ်..။။
နေခြည်ကိုငေးကာရယ်
ရွှေရည်ကျံ တဲ့ပိတောက်
တစ်ဝင်းဝင်းလင်းတောက်ပ
လျှမ်းလျှမ်းမောက်မောက်ပွင့်
မြင်ရုံပင်ရေစွတ်ချင်သဖွယ်
ရေပြွတ်ကယ်...ကလေးငယ်ပေါ်
လူလတ်တွေလက်ပေါ်ကဖလား
တန်ခူးလယ်မှာ နေမကျော့အောင်
အပျော်တစ်ပါး..ရေဆော့တဲ့ပွဲ..။
တရားရိပ်လေး အေးမြမြနှင့် 
စိတ်ကလေးလည်းဖြူစင်လှ
နှလုံးမူပြီး စကြန်လျှောက်စဉ်
မြင့်မားအရပ် ရင်အုပ်ကျယ်ကွယ်
သန့်ပြန့်ကျော့ရှင်း ဒီခ၇ီးနယ်
ယောက်ျားပီတ မျက်နှာလှတည်တည်
အိုဘယ့် ယောက်ျား..အတာမင်္ဂလာရက်ဝယ်..။။
အမေ့သား နေလင်းဖြိုး


No comments:
Post a Comment
နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး