ဖတ်ချင်တာဒီကအလွယ်ရှာပါ

Thursday, July 5, 2012

တည်မြဲတည်စေ..ထာဝရတည်ပါစေမြစ်ဧရာဝတီရေ

အိပ်တန်းမဲ့ငှက်တွေအတွက်
ဒီကဗျာကိုအစမပျိုးခဲ့ ပါဘူး
လူရယ်ဖြစ်အတွေးဆန့်ကာ
ဧရာဝတီသခင်အတွက်မို့ 
ရင်တစ်ကိုယ်အတွင်းမှာ
ကဗျာအတွက်တာစူနေခဲ့ လေ..။။
မမှောက်မှားလိုက်ပါနဲ့အုံးလို့ 
ကံကြမ္မာကိုခွင့်ပန်ချင်တယ်
လတ်ဆတ်ဆဲသူ့အလှကိုမှ
တိမ်ခိုးဝေတဲ့ မျက်ရည်ရာသီရယ်
ဘယ်ပုံတွေးမိကြပါလိမ့်ကွယ်
ဘာပဲဖြစ်ဖြစ်...ဧရာဝတီအောက်
သဲတစ်ပွင့်ကိုနေရာမပြောင်းချင်လို့ ...
အတ္တနဲ့ ယှဉ်တဲ့ ရောဂါဆန်းမဟုတ်ဘူး.
ငါတို့ရဲ့  ချစ်ခြင်းအလင်္ကာတွေထက်
သမိုင်းအဆက်ဆက်ကို သူ့ပုံခုံးနဲ့ ထမ်း...
သူ့ဝန်ကျေနေဆဲ..သွေးမခွဲကြပါနဲ့ 
ကျွန်တော်တို့ ချစ်တဲ့ ဒီမြေမှာ..
လူတစ်စု ဆန္ဒနဲ့...ထင်တိုင်းကျဲ
ဧရာဝတီဟာ ရေတိမ်နစ်မွန်းတော့မယ်....။။
ဒါပေမယ့်.. ဧရာဝတီသခင်တော်ရယ်
လူဆိုတာတွေထဲမှာနူးညံ့ တဲ့လူသားတွေ
ကျေးဇူးလည်းမ ကန်းတတ်ကြပါဘူးနော်
ဧရာဝတီသခင်ရေ....လူမိုက်ကိုသာမုန်းပေးပါ...။။
အို.. ဧရာဝတီ...ဘယ်ပုံစမ်းကြပါစေ
အားတင်းလို့ သာဆက်လက်စီးဆင်းပေးပါ
ရေအလျင်ကိုတားလို့ ရမယ့် တမံတွေက
မြန်မာပြည်တစ်ကိုယ်ကောင်းတို့ ဖန်တီးမှု့ က
ငါတို့ မျက်ရည်နဲ့နှလုံးသွေးကို မပိတ်ဆို့နိုင်ဘူး...။။
ဒါပေမဲ့ မနေသာပေမဲ့ ငြိမ်နေရတဲ့ 
ငါတို့နှလုံးအတွင်းတွေထဲမှာဧရာဝတီရေ..
မင်းဟာ..ထာဝရအရှင်သခင်တော်ပါပဲလေ
ငါတို့ ကြေကွဲခြင်းတွေနဲ့ တိုက်ယူချေမုန်းခွင့်ကို
ကြင်နာသနားတက်သောဘု၇ားသခင်ထံမှာပဲ
ငါတို့မြေရဲ့ မြစ်ဧရာရှင်သန်မှု့ အားကောင်းပါစေ
တစ်ညီတစ်ညွတ်ဆုမွန်ကောင်းတောင်းလို့ ကွယ်
တည်မြဲပါစေမြစ်ဧရာဝတီ..ရေအရှင်သခင်တော်ရေ
တည်မြဲတည်စေ..ထာဝရတည်ပါစေမြစ်ဧရာဝတီရေ....။။။။
  အမေ့သားနေလင်းဖြိုး

No comments:

Post a Comment

နေရောင်ကိုမျှော်ပြီးမှပြုံးရတာပန်းတို့သဘာဝမှန်ရင်
ကာရံတွေ
နဘေတွေ....အတွက်
ဝေဖန်သံလေးများကြားချင်မိတာအမှန်
ဒါကြောင့်သာ.............
ရင်ဖွင့်သံလေးတစ်ခုခုတော့ထားခဲ့ပေးပါအုံးနော်ခင်ဗျ
ခင်မင်လေးစားလျက်.....အမေ့သားနေလင်းဖြိုး

ကြိုက်တာအော်ခဲ့ ဗျို့ 